အခန်း( ၄၆၃)
စိတ်ဆိုးနေသော ဝမ်ဖေး။
Long Feiye နှင့် Han Yunxi တို့မှာ Gu Qi Sha ၏ ဂိတ်အပြင်သို့ ရောက်လာချိန်တွင် ညဥ့်နက်နေပြီ ဖြစ်သည်။ ဆေးတောင်းဆိုသော လူအရေအတွက်မှာလည်း လျော့နည်းသွားခြင်း မရှိပဲ ယခင်ကထက် ပို၍ များပြားလာကြောင်းသာ သူမက သတိပြုမိသွားသည်။ အမျိုးသားများနှင့် အမျိုးသမီးများ၊ လူကြီးလူငယ် အားလုံးမှာ တံခါးရှေ့တွင် ဒူးထောက်ကာ လိုအပ်သော ပစ္စည်းရရန် အခွင့်အရေးအတွက် အလွန်ကျိုးနွံစွာ ပြုမူနေကြသည်။ သို့တိုင် ကိစ္စများမှာ Gu Qi Sha ၏ စိတ်အခြေအနေတွင်သာ မူတည်နေသည်။ နေ့ကောင်းရက်သာဆိုလျှင် သူက ကြုံရာလူတစ်ချို့အား ရွေးချယ်ကာ တောင်းဆိုနေသည့် အရာအား လက်ဆေင်ပေးချင်ပေးလိမ့်မည်။ မဟုတ်လျှင် မည်သူတစ်ဦးတစ်ယောက်မှ သူ၏ စိတ်ဝင်စားမှုအား ဖမ်းစားနိုင်မည် မဟုတ်ပေ။ သူတို့က အဆုံးမရှိအောင်ပဲ ဒူးထောက်နေရလိမ့်မယ်။
Han Yunxi မှာ အရင်တစ်ကြိမ် ရောက်လာခဲ့ ချိန်က လူတစ်ချို့အား မှတ်မိနေခဲ့ပြီး နှစ်လကြာပြီးချိန်အထိ သူတို့က ဤနေရာတွင် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူတို့က လိုချင်သည်အား မရသေးသကဲ့သို့ လက်မလျော့သေးပေ။ ထိုသူများမှာ နှစ်ဝက်ထက်ပို၍ စောင့်နေရခြင်းလည်း ဖြစ်နိုင်သည်။ Gu Qi Sha ၏ အကျင့်စရိုက်မှ ဆုံးဖြတ်ရလျှင် ခြောက်လလောက် ဒူးထောက်နေလျှင်ပင် သူ့အား စိတ်လှုပ်ရှားစေနိုင်မည် မဟုတ်ပေ။
ဒီ Gu Qi Sha သူက ဘာမှ မပေးဘူးဆိုရင်လည်း တစ်ခါတည်း ငြင်းပြီး မောင်းထုတ်လိုက်လို့ ရသားနဲ့။ ဘာလို့ သူက ပရဟိတ လုပ်ချင်စိတ်ရှိလာတဲ့အထိ လူတွေကို ဒီမှာ ဒူးထောက်ခိုင်းထားရတာလဲ။
Han Yunxi မှာ လူအုပ်အား ခဏကြာ ကြည့်လိုက်ပြီးနောက် ကျိန်ဆဲလိုက်သည်။ “ စက်ဆုတ်ဖို့ကောင်းလိုက်တာ..”
ထိုစဥ် ဘဏ္ဍာထိန်းအိုကြီးမှာ သူတို့အား လက်ခံပေးရန် ကိုယ်တိုင် လာရောက် တံခါးဖွင့်လိုက်သည်။ “အရှင့်သားချင်ဝမ်... လေးစားရတဲ့ဝမ်ဖေး စောင့်နေရတာ ကြာစေမိပါပြီ။ ကျေးဇူးပြုပြီး အထဲဝင်ပါ။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
