အခန်း(၅၀၆)
မင်းဘာလို့ မသွားသေးတာလဲ။
သေရင်တောင် ပြန်ဖို့ ငြင်းတယ်!!!!
Han Yunxi မှာ အသံမှ အလွန်ရင်းနှီးနေကြောင်း ခံစားမိနေစဥ် Long Feiye မှာ မနှစ်မြို့ဟန်ဖြင့် ပြောလိုက်သည်။ “သူမပဲ ဖြစ်ပြန်ပြီ။"
အမှန်ပင်။ သူမပင်။ Mu Linger! Long Feiye ၏ လေသံမှ ဆုံးဖြတ်ရလျှင် သူက ထိုမိန်းကလေးဖြင့် စိတ်ရှုပ်မခံချင်သော်လည်း Han Yunxi မှာ မနေနိုင်ပဲ ဖြစ်ပျက်လာမည်အား စိုးရိမ်မိပြန်သည်။ ချိတ်ဆက်မှုတစ်ခုခု သို့မဟုတ် အခြားတစ်ခုမှာ သူတို့အား အတူတကွ ခေါ်ဆောင်နေဟန်တူသည်။ ထို့အပြင် Mu Linger မှာ ပါရမီရှိသော ဆေးဝါးပညာရှင် ဖြစ်နေသောကြောင့် ဆေးနတ်ဆိုးဆေးပေးခန်းမှ လိုအပ်နေသော ပညာရှင်မျိုး ဖြစ်နေသည်။
သူမက ပြုံးဖြီးကာ ပြောလိုက်သည်။ “ Long Feiye.. ကျွန်မတို့က နံရံကျော်ပြီး ကြည့်လို့ရမလား။"
နံရံကျော်ပြီး….
ငါ Long Feiye က ဘယ်တုန်းက နံရံတက်ခဲ့ဘူးလဲ……
သူက Han Yunxi အား ရင်ခွင်ထဲသို့ ဆွဲကာ ကြုံကာ သစ်ကိုင်းအား ဆွဲတက်သွားမည်အစား ဘေးခြံဝန်းရှိ သစ်ပင်တစ်ပင်ပေါ်သို့ တက်သွားလေသည်။ သူတို့၏ အနေအထားမှ အောက်မှ ခြံဝန်းထဲရှိ ကိစ္စများအား ရှင်းလင်းစွာ မြင်ရနိုင်သည်။ ရုတ်တရက် Han Yunxi မှာ အကယ်၍ သူမတွင် Long Feiye ကဲ့သို့ စွမ်းရည်များဖြင့် ကိုယ်ပိုင်သက်တော်စောင့်တစ်ယောက် ရှိနေလျှင် ပို၍ လွယ်ကူလိမ့်မည်ဟု ခံစားလိုက်ရသည်။
ထပ်ပြီးတော့… ငါ့မှာ ရှိပြီးသားမလား။
ခြံဝန်းထဲတွင် အမှန်တကယ်ပင် Mu Linger တစ်ယောက်ရှိနေသည်။ လက်ရှိတွင် သူမက လည်ချောင်းအား ထောက်ကာ ဓါးမြှောင်တစ်ချောင်းအား ကိုင်ထားသည်။ သူမ၏ ရှေ့တွင် ကြွယ်ဝသော မိသားစုမှ ကြီးကျယ်သော ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်နှင့် သူ၏ ဓါးကိုင် အစောင့်ဆယ်ယောက်မှ ရပ်နေသည်။ သူနှင့် ထိုသူများမှာ ခက်ထန်ကြမ်းတမ်းသော အငွေ့အသက်အား ပေးနေလေသည်။
“ပုပ်သိုးနေတဲ့ ကောင်မလေး.. မင်းက ကိုယ့်အသက်ကို ခြိမ်းခြောက်လိုက်တာနဲ့ ဒီသခင်လေးက အကူအညီမဲ့သွားမယ်များ ထင်နေလား။” Mu Linger ၏ ရှေ့တွင် ရပ်နေသော ခံစားမှုမရှိသည့် လူငယ်မှာ အမှန်ပင် ထောင်လွှားလှသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
