အခန်း(၄၀၆)

1.2K 125 42
                                        

အခန်း(၄၀၆)

ကောင်းကင်ထိရောက်နေသော ချင်ဝမ်၏ အမျက်ဒေါသ။







မြောက်ပိုင်းလီကို ရေကူးသွား။

ငါးဖမ်းကျွန်းမှာ ထျန်းနင်၏ နယ်စပ် ပင်လယ်ပြင်အလယ်ပိုင်းတွင် ရှိနေသည်။ ထျန်းနင် ဆိပ်ကမ်းမှ ငါးဖမ်းကျွန်းသို့ အမြန်ဆုံး သင်္ဘောပင်လျှင် သုံးရက်မှ လေးရက်အထိ ကြာမြင့်ကာ မြောက်ပိုင်းလီ ဆိပ်ကမ်းဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ ထိုတူညီသော အကွာအဝေးအား ငါးများပင်လျှင် သွားနိုင်ရန် ရက်ပေါင်းများစွာ လိုအပ်သည်။ Long Feiye မှာ ရှင်းလင်းစွာပင် Jun Yixie အား လမ်းဆုံးအား ပေးလိုက်ခြင်းဖြစ်သည်။

သို့သော် Jun Yixie မှာ ကျွန်းပေါ်တွင် နေရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ သူက ကြားလိုက်ရသည်အား မယုံကြည်နိုင်သော်လည်း လက်တွေ့မှာ အမှန်တရားဖြစ်ကြောင်း သက်သေပြနေသည်။ တစ်ကျွန်းလုံးမှာ လေးသမားများက သူ့အား ချိန်ရွယ်ထားသော စစ်သင်္ဘောများဖြင့် ဝိုင်းရံခံထားရသည်။ သူက မည်မျှပင် စွမ်းရည်ရှိပါစေ ထိုသူများအား တိုက်ခိုက်ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။ သူ၏ အစီအစဉ်ကောင်းမှာ သူ့အား ဒုက္ခပေးလိုက်ပြီဖြစ်သည်။ သူက မိမိ၏ ကျော့ကွင်းထဲတွင် နစ်မြှုပ်သွားခြင်းထက် မပိုပေ။

သူက  Ouyang Ningruo အား ကြည့်လိုက်လျှင် ထိုသူမှာ အကြည့်လွှဲကာ Long Feiye အား ကြည့်လိုက်သည်။ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ ပေါ့ပါးစွာ ပြုံးကာ ပြောလိုက်သည်။ “အရှင့်သားချင်ဝမ်.. တိမ်တိုက်နယ်ပယ် ကုန်သွယ်ရေးလုပ်ငန်းစုက ထျန်းနင်ရဲ့ ကယ်ဆယ်ရေး အားထုတ်မှုတွေအတွက် စပါး ၃၀၀,၀၀၀ ဒန် လှူဒါန်းဖို့ ဆန္ဒရှိပါတယ်။”

Long Feiye ထံတွင် အရံသိုလှောင်ထားသော စပါးများ မရှိတော့သော်လည်း ကုန်သွယ်ရေးလုပ်ငန်းစုတွင် အသေအချာပင် သိုလှောင်ထားမှု အချို့ရှိနေဦးမည်။ မဟုတ်လျှင် သူတို့က ကုန်သွယ်ရေးလုပ်ငန်းစုဟု မခေါ်နိုင်တော့ပေ။ Ouyang Ningruo မှာ မူလတွင် သူ၏ သိုလှောင်ထားမှုအား ထျန်းနင်တွင် စပါးပြတ်လပ်သွားသည်နှင့် Long Feiye အား ကမ်းလှမ်းရန် စိတ်ကူးထားခဲ့သည်။ ကံမကောင်းစွာဖြင့် လူသားများ၏ အကြံအား ကောင်းကင်မှ ဖယ်ရှားလာလေသည်။ သူက ရွေးချယ်စရာမရှိပဲ ယခုအချိန်တွင် သင်္ဘောလက်မှတ်အတွက် စပါးများအား အသုံးပြုရတော့မည်။ မြောက်ပိုင်းလီ တော်ဝင်သင်္ဘောမှ ပျက်ဆီးသွားသဖြင့် သူက ကမ်းခြေသို့ ပြန်သွားနိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ Long Feiye အား မှီခိုရန် ဖြစ်သွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now