အခန်း(၅၇၃)
သွေးခွဲခြင်း။ ချင်ဝမ်၏ လောင်းကြေးကြီးကြီး။
တိတ်ဆိတ်ငြိမ်သက်သောညခင်းတွင် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးနှင့် မိသားစုခေါင်းဆောင်တစ်ဦးမှာ Long Feiye အား တွေ့နိုင်ရန် နံရံကျော်လာကြသည်။ သူတို့၏ အပြုအမူမှာ အခြားသူများအား မူးမေ့သွားနိုင်စေသည်။ ဤသတင်းမှာ ပေါက်ကြားသွားခဲ့လျှင် လူတိုင်းမှာ ယို့မျိုးနွယ်၏ ချူမျိုးနွယ်အား အထင်သေးသွားနိုင်သည်။
အမှန်ပင်.. လူတိုင်းမှာ Long Feiye မှ ဧကရာဇ်မျိုးရိုး၏ နန်းမွေခံအဖြစ် သိထားကြလျှင် ထိုသို့သော ကိစ္စများမှာ အရေးမပါပေ။ မဟာချင်အင်ပါယာ လက်ထက်တွင် ဂုဏ်ကျက်သရေနှင့် လေးစားထိုက်သော မြင့်မြတ်သောမိသားစု ခုနစ်စုပင်လျှင် တော်ဝင် မျိုးနွယ်ဝင်များ၏ ရှေ့တွင် ဦးညွှတ်ကာ နှုတ်ဆက်ရလေသည်။
Han Yunxi ၏ ဇစ်မြစ်မှာ အမြဲတစေ သံသယဝင်စရာ ဖြစ်နေခဲ့သော်လည်း Long Feiye ၏ မူလဇစ်မြစ်အား မည်သူမျှ မတွေးမိခဲ့ကြပေ။ ထိုအထဲတွင် အထက်မြက်ဆုံး Gu Beiyue ပင်လျှင် သူ၏ သံသယများအား ထိုဘက်သို့ တစ်ခါပင် မလှည့်ဖူးပေ။ အကယ်၍ တစ်နေ့တွင် Long Feiye မှာ အနောက်ချင်၏ ရန်သူဖြစ်ကြောင်း Gu Beiyue မှ သိလာခဲ့လျှင် သူက မည်သို့ ဆောင်ရွက်မည်နည်း။ လက်ရှိတွင် Gu Beiyue မှာ အနောက်ကျိုး တွင်ရှိနေသော်လည်း သူက မြို့တော်အတွင်းတွင်နေမည့်အစား Chu Xifeng နှင့် Tang Li တို့နောက်မှ ဗုဒ္ဓတစ်ထောင်ဂူသို့ လိုက်သွားလေသည်။
ယို့မျိုးနွယ်ခေါင်းဆောင်မှာ နံရံကျော်လာခဲ့သဖြင့် Long Feiye မှာ သူ့အား တွေ့ဆုံရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ စိုးရိမ်နေသည့်တိုင်အောင် Chu Yunyi မှာ ယခုအချိန်တွင် ခေါင်းအေးအေးထားဆဲဖြစ်သည်။ “အရှင့်သားချင်ဝမ် မင်းနဲ့တွေ့ဖို့ ငါက စောင့်နေတာကြာပြီ။" သူက တည်ငြိမ်စွာ ပြောလိုက်သည်။
Long Feiye မှာ သူ့အား မျက်ခုံးပင့်ကာ ခေါင်းညိတ်ပြလိုက်သည်။
သူ၏ မာနထောင်လွှားသော အပြုအမူအား စစ်သူကြီးချူမှာ အလွန်အမင်း မကျေမနပ် ဖြစ်နေလေသည်။
Long Feiye မှာ သူ့အား လျစ်လျူရှုထားလျှင် လွှတ်ချပေးနိုင်သော်လည်း ထိုသူမှာ သူတို့ ယို့မျိုးနွယ် တစ်ခုလုံး၏ ခေါင်းဆောင်ပင်။ သူဘယ်လိုများ ဒီလောက်မာနကြီးနိုင်ရတာလဲ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...