အခန်း(၅၅၇)

950 93 10
                                        

အခန်း(၅၅၇)

မသေနိုင်တာ ကောင်းတဲ့အရာလား။





ယို့မျိုးနွယ်။

Han Yunxi မှ နားလည်ထားရသလောက် ၎င်းမှာ မြင့်မြတ်သော မိသားစုခုနစ်စုမှ တစ်စုဖြစ်ကာ အနောက်ချင်တော်ဝင်မျိုးနွယ်အား ထောက်ပံ့သော မျိုးနွယ်ဖြစ်သည်။ သို့တိုင် နောက်ဆုံးတိုက်ပွဲတွင် သူတို့က ရုတ်တရက် သစ္စာဖောက်အဖြစ် ပြောင်းလဲသွားကာ အနောက်ချင်မင်းမျိုးနွယ်၏ နောက်ဆုံးသားတော်အား သတ်ခဲ့သည်။

အရိပ်မျိုးနွယ်မှ အဖြူဝတ်အမျိုးသားမှ ပေါ်လာပြီးနောက် Han Yunxi မှာ သူမနှင့် အနောက်ချင်၏ ဆက်စပ်နိုင်ချေများအား စတင်သံသယဝင်လာကာ ချင်မင်းဆက်နှစ်ခု၊ မဟာချင် အင်ပါယာနှင့် မြင့်မြတ်သောမိသားစုခုနစ်စုဖြင့် ပတ်သက်သော မှတ်တမ်းများအား ရှာဖွေခဲ့သည်။ ကံမကောင်းစွာဖြင့် မဟာချင်အင်ပါယာဖြင့် ပတ်သက်သော မှတ်တမ်းများမှာ ဖျက်ဆီးထားခံရသည်။ ကျန်ရှိနေသည်များမှာ ရှားပါးလှသည်။ သူမ၏ အချက်အလက်အများစုမှာ အပြောများသော ကောလဟာလများမှသာ ဖြစ်သည်။ ထို့အပြင် သခင်မ Lianxin မှ သူမဖခင်၏ ဇစ်မြစ်အား ဖော်ထုတ်ခဲ့ချိန်မှစကာ  အနောက်ချင်အား စိတ်ဝင်စားမှု မရှိတော့ပေ။ အရိပ်မျိုးနွယ်မှ လူကြီးလူကောင်းမှာ သူမအစား အသေးလေးအား ရည်ရွယ်နေသည်ဟု အဖြေထုတ်ခဲ့သည်။ အကယ်၍ သူမက အမှန်တကယ် အနောက်ချင်၏ နန်းမွေခံဆိုလျှင် အဖြူဝတ်အမျိုးသားမှာ ကြာမြင့်စွာကပင် သူမအား အရာအားလုံး ပြောပြသင့်သည်။ သူက မသိချင်ယောင်ဆောင်နေစရာ မလိုဘူးမလား။

ယခုတွင် Han Yunxi  မှာ မနေနိုင်ပဲ အံ့အားသင့်နေမိသည်။ အနောက်ကျိုးချူမျိုးနွယ်က တကယ် ယို့မျိုးနွယ်မှ ဆင်းသက်လာတာလား။ Long Feiye  က ဘယ်လို သိသွားတာလဲ။ လေခွင်းလေးအတတ်ကြောင့်လား။  ယခုတွင် Long Feiye  မှာ Chu Tianyin  အား ဖမ်းဆီးထားကာ လျှို့ဝှက်ချက်အား သိနေသဖြင့် ချူမျိုးနွယ်မှာ ဒုက္ခကြီး တွေ့ရတော့မည်။ မဟာချင်အင်ပါယာ ပျက်သုဥ်းပြီးနောက် အရှေ့နှင့် အနောက်ချင် မင်းမျိုးနွယ်များမှာ သေဆုံးသွားခဲ့သော်လည်း မြင့်မြတ်သော မျိုးနွယ်ခုနစ်စုမှ အသက်ရှင်ကျန်ခဲ့သည်။ ယခုတွင် တိမ်တိုက်ကုန်းမြေကြီးမှာ သူတို့၏ အင်အားအား ထိတ်လန့်နေဆဲပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now