WARNING
---------------
ကလေးသူငယ်ညှင်းပန်းမှုများ ပါဝင်တာကြောင့် စာဖတ်သူများ အဆင်အဆင်မပြေ ဖြစ်နိုင်ပါတယ်။
---------------အခန်း(၅၆၀)
ချီကလေး၏ သန်းခေါင်းယံ အိမ်မက် (၃)
ချီကလေးကို သတ်ရမယ်…
သင်တန်းကျောင်း ကျောင်းအုပ်မှာ သူ၏ စကားအား နားလည်ရန် ခက်နေဟန်ပြုကာ သူ့အား သံသယများဖြင့်ကြည့်လိုက်သည်။ “အဲဒါကို ထပ်ပြောပါဦး။”
"ဖေကြီး... ချီကလေးကို သတ်ပစ်သင့်တယ်... သားကို သတ်လိုက်ပါ... ချီကလေး…... " ကလေးတစ်ယောက်၏ အသနားခံချက်မှာ နှလုံးသားအား အလွယ်တကူ လှုပ်ခတ်သွားစေနိုင်သော်လည်း နှစ်စဉ် မရေမတွက်နိုင်သော အသက်များအား ကယ်တင်နေသည့် တိမ်တိုက်နယ်ပယ် ဆေးပညာသင်တန်းကျောင်းမှ 'ကြင်နာလှစွာသော' လူနှစ်ယောက်မှာ သွေးအေးစွာဖြင့် သူ၏ အသနားခံချက်မှုအား လုံးဝစိတ်မ၀င်စားပေ။
သင်တန်းကျောင်း ကျောင်းအုပ်ကုမှာ မယုံကြည်နိုင်စွာ ရယ်မောလိုက်သည် ။ "ချီကလေး၊ ဖေကြီးက မင်းကိုရဖို့အတွက် အများကြီး အားထုတ်ခဲ့ရတာ။ ဖေကြီးက မင်းကို ဘာလို့သတ်ရမှာလဲ။ ဖေကြီးက မင်းအတွက်ကြောင့် အချိန်တွေ ဘယ်လောက်ပင်ပန်းခဲ့ရလဲ မင်းသိလား။ မင်းက ဖေကြီးနဲ့ နောက်ပြောင်နေတာပဲ မဟုတ်လား။"
“ချီကလေး ၊ ဖေကြီးက မင်း အခု အရမ်း မသက်မသာ ခံစားနေရတာကို သိပါတယ်။ ဒါပေမယ့် မင်းရဲ့ ဝေဒနာတွေက ဖေကြီးရဲ့ အဆုံးမရှိတဲ့ လူနာတွေကို သက်သာရာရစေသလို သူတို့ရဲ့ နာကျင်မှုတွေကို သက်သာစေတယ်—-- သူတို့အသက်ကိုတောင် ကယ်တင်နိုင်တယ်။ ဖေကြီးက မင်းအတွက် ဂုဏ်ယူတယ်။”
ချီကလေးမှာ ပြန်ပြောရန် စကားမရှိပေ။ သူက ဤကမ္ဘာပေါ်တွင် သူ၏တစ်ဦးတည်းသော မိသားစုဖြစ်သည့် အချစ်ဆုံးအဖေအား ကြည့်ကာ ရုတ်တရက် သူ၏ရှေ့မှလူအား သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ အတိတ်တွင် သူ့က ကြောက်ရွံ့စရာ ရှိနေလျှင် ဖခင်ဖြစ်သူ ရှိမှန်း အမြဲသိနေခဲ့သည်။ သို့တိုင် အခုအချိန်တွင် သူ၏ဖခင်မှာ သူ့အတွက် အကြောက်တရား၏ အရင်းအမြစ် ဖြစ်နေသည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများမှ မျက်ရည်စက်များ ပြည့်လျှံကာ မျက်နှာပေါ်သို့ ကျဆင်းလာခဲ့သည်။ သို့သော် ချီကလေးမှာ နှုတ်ခမ်းအား ကိုက်ကာ ငိုမိမည်အား ကြောက်ရွံ့နေလေသည်။

YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...