အခန်း(၄၁၁)

1.6K 146 23
                                        

အခန်း(၄၁၁)

မင်းရဲ့အရှင်ရဲ့ အတွေးကို ခန့်မှန်းနေတယ်။








Long Tianmo နှင့် Mu Qingwu တို့မှာ Han Yunxi မှ ရောက်လာလျှင် မတ်တပ်ရပ်လိုက်ကြသည်။ Long Tianmo မှာ ထိုအမျိုးသမီးအား မတွေ့မြင်ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် သဘာဝကျစွာပင် သူမအား လွမ်းဆွတ်မိသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူမက အနည်းငယ် ပြည့်ဖြိုးလာသည်ဟု သူက ပြောနိုင်သည်။

ဘေးသင့်ဒေသများသို့ သွားရောက်ရခြင်းမှာ သူမ၏ စိတ်နှင့် ခန္ဓာအား ပင်ပန်းစေသော်လည်း သူမအား ဤနေရာသို့ ခေါ်လာသည်မှာ ဦးရီးတော်ချင် ဖြစ်နေသည်။ သူက ဘယ်လိုလုပ် သူမကို ဒုက္ခခံခိုင်းမှာလဲ။

သူ၏ နှလုံးသားထဲမှာ အလွန် ဝန်လေးနေသော်လည်း Long Tianmo မှာ နှုတ်ဆက်လိုက်ဆဲ ဖြစ်သည်။ “တော်ဝင်အဒေါ်..”

Han Yunxi မှာ ရိုးရှင်းစွာပင် ခေါင်းငြိမ့်ကာ Long Tianmo အား ထိုင်ရန် လက်ဟန်ပြလိုက်သည်။

“လေးစားရတဲ့ဝမ်ဖေး ကောင်းချီးရပါစေ။" Mu Qingwu မှာ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

“စစ်သူကြီးငယ် .. ကျေးဇူးပြုပြီး ထပါ။"  Han Yunxi ၏ ယဥ်ကျေးသော လေယူလေသိမ်းမှာ နှစ်ယောက်ကြားရှိ အကွာအဝေးအား သိသာစေသည်။

“ကျေးဇူးတင်ပါတယ်.. လေးစားရတဲ့ဝမ်ဖေး..”  Mu Qingwu ၏ အပြုအမူမှာ ယခင်ကအတိုင်းသာ ဖြစ်သည်။ မတ်လိုက်ပြီးနောက် သူက Long Tianmo ၏ အနောက်တွက် ဒူးထောက်လိုက်သည်။

Han Yunxi မှာ Long Feiye ၏ ဘေးတွင် ထိုင်ကာ မည်သည့်စကားမှ မဆိုပဲ တိတ်ဆိတ်နေသည်။ Long Tianmo မှာ မြောက်ပိုင်းလီနှင့် ပတ်သက်သော ကိစ္စရပ်များ ပြောကြားရန် စိတ်ကူးလာခဲ့သော်လည်း သူမအား မြင်ရချိန်တွင် သူ၏ စကားများအား မေ့လျော့သွားတော့သည်။ သူက တိုက်ခိုက်ရခြင်းအား မနှစ်သက်သော်လည်း သူ၏ ရင်ထဲတွင်  Han Yunxi အား တက်မက်နေသည့် ထိုဝက်.. Jun Yixie အား စဥ်းစားမိလျှင် လေပူများ ပြည့်နှက်လာနေသည်။ အကယ်၍ သူ၏ အမြင်အား ထုတ်ဖော်နိုင်ရန် အခွင့်အရေး ရှိခဲ့လျှင် သူက အသေအချာပင် ချင်ဝမ်၏ အပြုအမူအား ထောက်ခံမည် ဖြစ်သည်။ အကယ်၍ သူတို့က Jun Yixie အား မသတ်နိုင်လျှင်တောင်မှ အနည်းဆုံးတော့ သေသည်အထိ ငါးဖမ်းကျွန်းတွင် ပိတ်ထားနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now