အခန်း(၄၂၈)

1.3K 130 16
                                        

အခန်း(၄၂၈)

နောက်ဆုံးတော့ Han Yunxi ကို အလဲထိုးနိုင်တော့မယ်။







Chu Qingge မှာ အမြဲတစေ အေးစက်ကာ မာနကြီးသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမ၏ ပုံမှန် အပြုအမူများ၌ပင် တစ်စုံတစ်ယောက်အား ကြည့်ရှုရာတွင် ကဲ့ရဲ့မှုများ ပြည့်နှက်နေသည်။ သို့သော် သူမက တစ်စုံတစ်ယောက်အား အမှန်တကယ်ပင် အထင်အမြင်သေးလာလျှင် သူမ၏ မျက်လုံးများမှာ ပို၍ပင် မထိမဲ့မြင် ဖြစ်လာတော့သည်။ သူမ၏ အကြည့်နှင့် အမူအရာမှာ ရွှယ်ကွေ့ဖေးအား အလွန်တရာ အထင်အမြင်သေးနေပုံ ပေါ်လာတော့သည်။

အကယ်၍ မယ်တော်ကြီးမှာ သူမ(ရွှယ်ကွေ့ဖေး) အား Chu Qingge နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုရန်နှင့် ထိုအစား Han Yunxi ၏ အင်အား အား ငှားရမ်းရန် အတိအလင်း ညွှန်ကြားထားခြင်း မရှိလျှင် သူမက ယနေ့တွေ့ဆုံပွဲတွင် Chu Qingge အတွက် မျက်နှာများစွာ ချန်ထားပေးမည် မဟုတ်ပေ။ အဲ့ဒီ ရူးမိုက်တဲ့မိန်းမက ငါ့ကို အဲ့ဒီလို ကြည့်လို့ ရနိုင်လို့လား။ မယ်တော်ကြီးက ဟန်ပြ ချီးကျူးပေးတာနဲ့ သူမကိုယ်သူမ အရမ်း မြင့်မြတ်သွားပြီ ထင်နေတာလား။ အရှင်မင်းမြတ်က သူမကို တကယ်ပဲ ခေါင်းဆောင်ကွေ့ဖေးအဖြစ် အမှားအယွင်းမရှိ အပ်နှင်းနိုင်မယ် ထင်နေလား။

ဘယ်လောက်တောင် ရူးလိုက်လဲ။

Chu Qingge က မယ်တော်ကြီးနဲ့ မွေးနေ့စားပွဲနဲ့ ယွင်ကွေ့ဖေးရဲ့ အဆိပ်သင့်တဲ့ကိစ္စမှာ သူမအပြုအမူကနေ အဆုံးစွန်အထိ ရူးမိုက်တာကို ပြပြီးသွားပြီ။ တကယ်လို့ ချူမျိုးနွယ်ရဲ့ စစ်အင်အားကြောင့်သာမဟုတ်ရင်  ဧကရာဇ်က သူမကို ဘယ်လောက်ပဲ မြင့်နေအောင် မျက်နှာသာပေးပါစေ မောင်းမဆောင်ထဲက ဘယ်သူမှ အလေးထား ဆက်ဆံပေးမှာ မဟုတ်ဘူး!!!

အမျိုးသမီးများ၏ နေရာပြိုင်ဆိုင်မှုမှာ စတင်ချိန်၌ ရန်လိုမှုအဖြစ်သာ ရှိသေးသော်လည်း Han Yunxi မှ သူတို့၏ တိုက်ခိုက်မှုများအား လူသိရှင်ကြား ဖွင့်ထုတ်လိုက်ချိန်တွင် ရွှယ်ကွေ့ဖေး၏ နှလုံးသားတွင် အမုန်းတရားမျိုးစေ့မှာ အမြစ်တွယ်လာတော့သည်။ Chu Qingge မှာ မသိလောက်သော်လည်း ထို ကွေ့ဖေးလေးပါး ခေါင်းဆောင်ဆိုခြင်းမှာ ရွှယ်ကွေ့ဖေးမှ ရှိနေချိန်တွင် မပြောသင့်သော တားမြစ်ချက် ဖြစ်နေသည်။ ၎င်းမှာ သူမ၏ အလွန် ဆိုးရွားလှသည့် အားနည်းချက်ဖြစ်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now