အခန်း(၅၁၉)

622 94 16
                                    

အခန်း(၅၁၉)

အမျိုးသားနှစ်ယောက်မှာ ညှိနှိုင်းခြင်း။







Gu Qishao  ၏ အပြုံးမှာ အထူးသဖြင့် ဆိုးသွမ်းလှသည်။ “အရှင့်သားချင်ဝမ်… မင်းက ဒီသခင်လေးနဲ့ ညှိနှိုင်းချင်တာလား။”

“မင်းက ငြင်းလို့ရတယ်။” Long Feiye  မှာ အေးစက်စွာ တုံ့ပြန်လိုက်သည်။

“အရှင့်သားချင်ဝမ် ပြောချင်တာက …. ညှိနှိုင်းစရာ နည်းလမ်းမရှိဘူးလို့လား။"

အမျိုးသားနှစ်ယောက်တွင် တစ်ယောက်မှာ လျှာစောင်းထက်ကာ နောက်တစ်ယောက်မှာ စကားနည်းလှသည်။ တစ်ယောက်မှာ ဒုတိယ သဘာဝအဖြစ် ရယ်မော နေတတ်ကာ နောက်တစ်ယောက်မှာ နှစ်ပေါင်းများစွာ အကြောသေနေသော မျက်နှာနှင့် ဖြစ်သည်။ သူတို့က ဘယ်လိုလုပ် စကားပြောကြမှာလဲ။ Long Feiye  မှာ ယခုအချိန်တွင် ထွက်သွားချင်နေသော်လည်း သူက မပြုလုပ်နိုင်ပေ။ သူက Gu Qishao အား သတ်ချင်နေသော်လည်း ၎င်းမှာပို၍ မဖြစ်နိုင်ပေ။ Gu Qishao  ၏ အစောမှ ခြိမ်းခြောက်မှုမှာ သူ့အား ခြိမ်းခြောက်ရန် သက်သက်သာ ဖြစ်နိုင်သော်လည်း သူက ထိုအခွင့်အရေးများ အပေါ်တွင် လောင်းကြေးမထပ်ဝံ့ပေ။ ထိုစဥ် Gu Qishao  မှာ  Long Feiye  ၏ စိုးရိမ်ပူပန်မှုအား အခွင့်အရေးယူချင်သော်လည်း သူက မတတ်နိုင်ပြန်ပေ။ သူကလည်း မသေနိုင်သောခန္ဓာကိုယ်၏ လျှို့ဝှက်ချက်အပေါ်တွင် လောင်းကြေးမထပ်နိုင်ပေ။

သတင်းမှ ပျံ့သွားသည်နှင့် ကမ္ဘာပေါ်ရှိ လူဘယ်လောက်များများမှာ သူ့အား ဒုက္ခပေးရန် ရှာလာလိမ့်မည်လဲ။ သူက တိမ်တိုက်ကုန်းမြေကြီးတစ်ခုလုံး၏ လူထုရန်သူဖြစ်သွားနိုင်ပြီး လူများထံမှ သတ်ပစ်ဟု အော်ဟစ်ခံရရင်း လမ်းပေါ်တွင် ကြွက်တစ်ကောင်ကဲ့သို့ ပြေးလွှားနေရနိုင်သည်။ အဆိပ်ကုလူသားများမှာ အလွန် အန္တရယ်များလှကြောင်း ဆေးပညာသင်တန်းကျောင်းမှ သတ်မှတ်ထားရသဖြင့် အဆိပ်ဂိုဏ်းတစ်ခုလုံး သုတ်သင်ခံခဲ့ရသည် မဟုတ်လော။

ထိုသို့တွေးလိုက်လျှင်  Gu Qishao  ၏ ပုံမှန် ရွှင်လန်းနေသော မျက်လုံးများမှာ နာကျည်းရိပ်များ တောက်ပလာတော့သည်။ သေခြင်းမှာ လူတစ်ယောက်အတွက် အကြီးမားဆုံး ကြောက်ရွံ့မှု ဖြစ်နိုင်သော်လည်း မည်သည့်အချိန်မှ မသေနိုင်တော့ခြင်းမှာ အကြီးမားဆုံး ဝမ်းနည်းမှု ဖြစ်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now