အခန်း(၄၄၈)
ဆိုးရွားသော ဥာဏ်ကြီးရှင်မှ လှုပ်ရှားမှုတစ်ခု ထားခဲ့သည်။
Gu Qi Sha မှာ ထင်ရှားစွာ ထေ့ငေါ့နေသော်လည်း Long Feiye မှာ တည်ငြိမ်နေဆဲဖြစ်သည်။ ထိုအစား Chu Xifeng မှာ စိတ်ရှုပ်လာသည်။
“ Gu Qi Sha..” သူက အော်လိုက်သည်။ “အရှင့်သားက နိုင်ခဲ့ပြီးပြီ.. မင်းမျက်နှာက အပြုံးကို ဘေးဖယ်လိုက်..”
ချင်ဝမ်မှာ ပထမဆုံး ဆေးဝါးများ မေးမြန်းရန် ရောက်လာစဥ် သူက တိုက်ခိုက်ခြင်းမပြုခင် ငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုခဲ့သည်။ Gu Qi Sha မှသာ မျက်နှာသာပေးမှုအား လက်မခံပဲ တမင်ကိစ္စများအား ခက်ခဲစေခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် ထိုအမျိုးသားအား ဒဏ်ရာရစေကာ ဖိအားပေးမည် မဟုတ်ပေ။
“အရှင့်သားက နိုင်ခဲ့ပြီ!! ငါထင်တာတော့ သူက တခြားသူကို သူ့ဆန္ဒအတိုင်းလုပ်ပေးဖို့ ဖိအားပေးနေတာပဲ။” Gu Qi Sha မှာ ပို၍ ထေ့ငေါ့နေဟန်ပေါ်လာသည်။ “နောက်ဆုံးတော့ အရှင့်သားချင်ဝမ်က ငါ့ထက် အင်အားကြီးတယ်လေ။"
Chu Xifeng မှာ ထပ်မံ၍ နားမထောင်နိုင်တော့ပဲ ဒေါသတကြီး ပြန်ပက်လိုက်သည်။ “တကယ်လို့ မင်းက ကိုယ့်ကိုကိုယ် အားနည်းတာ သိရင် ကြွားလုံးထုတ်နေတာ ရပ်လိုက်တော့။"
“အရှင့်သားချင်ဝမ်က အားနည်းသူကို အနိုင်ကျင့်နေတယ်လို့ မင်းက ပြောနေတာလား။" Gu Qi Sha မှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အဲ့ဒီတော့ ဘာဖြစ်လဲ။" Chu Xifeng မှာ ထိုလူအိုကြီးနှင့် အမှန်တကယ်ပင် အလွန်အမင်း ငြင်းခုန်ချင်နေပြီ ဖြစ်သည်။ ထိုသူ၏ ထူးဆန်းသော အပြုံးနှင့် ဒေါသထွက်စရာ အပြုအမူမှာ လွန်လွန်းသည်။ Long Feiye မှာ သူတို့က ငြင်းခုန်နေသည်အား ကြည့်နေပြီး ထိုစကားများသည့် မြင်ကွင်းနှင့် တစ်စုံတစ်ရာမှ ရင်းနှီးနေကြောင်း တွေ့ ရှိသွားသည်။ သူက တစ်နေရာရာတွင် စကားများသော ပါးစပ်လေးနှင့် တစ်စုံတစ်ယောက်အား မြင်ရသည်အား ခံစားမိသွားတော့သည်။ သို့တိုင် သူက ပို၍ အရေးကြီးသော ကိစ္စအတွက် ထိုအတွေးအား ဘေးသို့ တွန်းဖယ်လိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Fiksyen Sejarah**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
