အခန်း(၅၃၂)
ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲ၌ အရှုံးဝန်ခံခြင်း။
Wang Shuchen နှင့် Xie Peng တို့၏ ပြိုင်ပွဲမှာ စတင်တောမည်။ လက်ရှိတွင် ပြိုင်ပွဲဝင်နှစ်ယောက်မှာ မျက်လုံးကာအား ဝတ်ဆင်ထားရင်း စင်၏ တစ်ဖက်တစ်ချက်စီတွင် ဆေးစမ်းသပ်မည့် စင်အား ကျောပေးကာ ရပ်နေကြသည်။ ဆေးဝါးမြို့တော် ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲမှာ သမာသမတ်ကျမှုကြောင့် ထင်ရှားလှသည်။ ပြိုင်ပွဲ၏ အပိုင်းတိုင်း၌ ပြိုင်ပွဲဝင်များမှာ အမြတ်ထုတ်ခြင်းမှ ရှောင်တိမ်းရန် အတတ်နိုင်ဆုံးကြိုးစားထားသည်။
ပြိုင်ပွဲဝင်များမှာ ဘိုးဘေးကောင်စီမှ ပေးသော ပစ္စည်းများအား အသုံးပြုကာ အစစ်အမှန် ဆေးလုံးဖန်တီးရန် လိုအပ်လေသည်။ ထိုပစ္စည်းများမှာ ကောင်စီမှ ပြိုင်ပွဲတစ်ခုစီအတွက် ရွေးချယ်ပေးထားပြီး အကြီးအမှူးများ သို့မဟုတ် ပြိုင်ပွဲဝင်များမှာ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် မဖြစ်နိုင်ပေ။ အသေအချာပင် တရားမျှတသော ပြိုင်ပွဲမှာ နောက်ဆုံး အရာဖြစ်သော ကံကောင်းမှုအား ဖယ်ရှားရန် စည်းမျဥ်း မရှိပေ။ ပြိုင်ပွဲမစခင် မတူညီသော မျိုးနွယ်များမှ တပည့်များမှာ မိသားစု၏ ထိပ်တန်း ဆေးဝါးပညာရှင်များထံမှ အဆင့်မြင့် ဆေးညွှန်းများအား သင်ကြားခဲ့ကြရသည်။ အကယ်၍ သူတို့၏ ရွေးချယ်မှုမှာ ကောင်စီမှ ရွေးချယ်ပေးသော ပစ္စည်းများဖြင့် ကိုက်ညီမှုရှိလျှင် သူတို့က မြင့်တက်နိုင်ပြီပင်။
ထိပ်တန်းဆေးညွှန်းမှာ များစွာသော ဆေးဝါးပညာရှင်များ၏ တစ်နှစ်မှ နှစ်နှစ်အတွင်း စုပေါင်းအားထုတ်မှု၏ အသီးအပွင့်ဖြစ်သည်။ ပါရမီရှင်တစ်ယောက်မဟုတ်လျှင် အချိန်အတိုအတွင်း၌ ထိုပစ္စည်းများအား သတိပြုမိရန်မှာ ငယ်ရွယ်အတွေ့အကြုံနုနယ်သော သူများအတွက် မဖြစ်နိုင်ပေ။
ယခုတွင် စားပွဲများအား သန့်ရှင်းစွာ ဆေးကြေထားပြီး ဖြစ်သည်။ ဆေးပညာအလုပ်သင်လေးတစ်ယောက်မှာ ပစ္စည်းများဖြင့် ခြင်းတောင်းကြီးအား သယ်လာသည်။
“ကျေးဇူးပြုပြီး ဝမ်နဲ့ရှဲ့မျိုးနွယ်က ပြိုင်ဘက်အတွက် ပစ္စည်းရွေးချယ်ပေးဖို့ ကိုယ်စားလှယ်တစ်ယောက်ဆီ ထွက်ခဲ့ပါ။” အခမ်းအနားမှူးမှ ကြေငြာလိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...