အခန်း(၅၆၉)

900 85 12
                                        

အခန်း(၅၆၉)

ပထမတိုက်ပွဲ။ လျှာစောင်းထက်မှု၏ တန်ကြေး။





Long Feiye မှာ Duanmu Baiye အား ပြန်လည်တုံ့ပြန်ခြင်းမပြုရန် Han  Yunxi အား တားဆီးလိုက်သည်။ ထို့နောက်တွင် သူက အိမ်ရှေ့စံအား ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်လိမ့်မည်ဟု သူမထင်ခဲ့သော်လည်း Long Feiye မှာ တိတ်ဆိတ်နေသည်။ ယခင်က Duanmu Baiye ၏ ပြောစကားများအား သူက ဂရုမစိုက်သည်မှာ ထင်ရှားလှသည်။ ဒါပေမယ့်... အခုကော။ Duanmu Baiye က Han Yunxi ကို အနိုင်ကျင့်နေပေမယ့် သူက တိတ်နေတုန်းပဲလား။

ငါတို့က ဒီမှာထိုင်ပြီး သည်းခံ နေရမှာလား။

ဧည့်သည်များအနေနှင့် သူတို့၏ အပြောအဆိုနှင့် အပြုအမူများအား သေချာဂရုစိုက်ရန် လိုအပ်သော်လည်း Long Feiye ၏ အပြုအမူမှာ အလွန်ပုံမှန် မဟုတ်ပေ။ 

အားလုံးက Duanmu Yao ကြောင့်လား။ အတိတ်မှ အဖြစ်အပျက်များ၏ ကျေးဇူးကြောင့် Han  Yunxi ၏ စိတ်ထဲတွင် ထိုအတွေးများ တိုးဝင်လာသည်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ဒီတစ်ခါ Long Feiye က Duanmu Baiye ရဲ့စကားကို သည်းခံနေဖို မလိုအပ်ဘူး။ 

အိမ်ရှေ့စံမှာ Long Feiye ၏ တုံ့ပြန်မှုအား စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။ စကားမ​ပြောလျှင် သူက ပို၍ ရန်လိုလာတော့သည်​။ "ချင်ဝမ်.. မင်းက အဖြူရောင်မြို့တော်ကို နောက်ဆုံးအကြိမ် ရောက်ခဲ့တာ လွန်ခဲ့တဲ့ ခုနစ်နှစ် ရှစ်နှစ်လောက်က ဖြစ်မယ် မဟုတ်လား။ Yao Yao ကို မင်းက အိမ် အကြိမ်အနည်းငယ် ပို့ပြီးပြီလေ။ တကယ်တော့ ငါ့အဖေက မင်းကို အဲ့ဒီအချိန်တည်းက သဘောကျနေခဲ့တာ... ဟန်မျိုးနွယ်ရဲ့သာမာန်သမီးတစ်ယောက်က မင်းရဲ့တရားဝင်ကြင်ယာတော်ဖြစ်လာဖို့ ငါက ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။" 

Duanmu Baiye မှာ အသံကျယ်ကျယ်ဖြင့် အဆုံးသတ်လိုက်သည်။ "Yao Yao က အဲ့ဒီကောင် Jun Yixie ရဲ့ လှည့်စားမှုကို ခံရတာ သနားစရာပဲ။အခုတော့ သူမက အိမ်တောင် မပြန်နိုင်တော့ဘူး။မဟုတ်ရင် သူမက ဒီနေ့ မင်းကို သေချာပေါက် ကြိုဆိုမှာပဲ။ ချင်ဝမ် မင်းကလည်း ဒီအချိန်မှာ သူမနဲ့ အိမ်ထောင်ရေးကို ပြန်စတင်နိုင်လိမ့်မယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now