အခန်း(၅၃၆)

588 69 13
                                    

အခန်း(၅၃၆)

မျိုးဆက်တိုင်း သစ္စာခံဖို့ ဆန္ဒရှိပါတယ်။




Long Feiye မှာ  Han Yunxi  အား အပြစ်ပေးနေစဥ်  Gu Qishao  မှာ  Mu Linger  ၏ အကျဥ်းခန်းတွင် ထိုင်နေကာ ဆေးဝါးမြို့တော်အား အုတ်အော်သောင်းနင်းဖြစ်သွားစေသော အချက်အား မသိထားပေ။ သူ၏ ဘေးတွင် Mu Linger  မှာ အချိန်မှတ်သားသော ကိစ္စအား လုံးလုံးလျားလျား ​မေ့လျော့နေသည်။ သူမက လက်ကျန်တစ်ဘဝလုံး ဤအကျဥ်းထောင်တွင် ထိုင်နေရလျှင်ပင် ကျေနပ်နိုင်သည်။

Gu Qishao  မှာ  Han Yunxi  ဖြင့် အတူရှိနေစဥ် ငြင်းခုန်ရန်အတွက် စကားများရခြင်းအား နှစ်သက်သူဖြစ်သော်လည်း အမှန်တွင် စကားပြောရခြင်းအား သဘောကျသူ မဟုတ်ပေ။ ပြီးခဲ့သည့် ရက်များအတွင်း Mu Linger  နှင့် အကျဥ်းခန်းထဲ နေရချိန်တွင် သူက အရင်စကားစခြင်း မရှိခဲ့ပေ။ သူက အိပ်စက်ခြင်းနှင့် ကောင်းကင်အား ငေးကြည့်နေခြင်းအတွက် အချိန်အား ခွဲခြားထားသည်။ Mu Linger မှာ တစ်ချိန်လုံး တိတ်နေကာ ကောင်းကင်အား ငေးကြည့်နေသော သူ့အား တစ်နေ့လုံး ကြည့်နေတတ်သည်။ တစ်ကြိမ်တွင် သူမက ဤနှစ်များအတွင်း သိထားသော ချီကိုကိုမှာ သူမက လုံးဝ နားမလည်နိုင်သော တစ်စုံတစ်ယောက်အဖြစ် ပြောင်းလဲသွားကြောင်း ခံစားမိသည်။ အရှုပ်အထွေးပြုလုပ်ရာတွင် ကျွမ်းကျင်သော လူတစ်ယောက်မှာ တစ်နေ့လုံး ငေးမော၍လည်း နေနိုင်လေသည်။

ထိုနေ့အပြီးတွင် ချီကိုကိုမှာ သူစိမ်းတစ်ယောက်နှင့်တူသဖြင့် သူမအား ကြောက်ရွံ့စေကာ တိတ်နေခြင်း ရပ်တန့်လိုက်သည်။ လက်ရှိ အကျဥ်းခန်းအပြင်၌ ရုတ်ရုတ်သဲသဲဖြစ်နေကာ Gu Qishao  မှာ အာရုံစိုက်နေလေသည်။

“ဆေးမိစ္ဆာအရှင်.. ကျွန်မက မေးခွန်းတစ်ခု မေးလို့ရမလား။"  Mu Linger  မှာ မဝံ့မရဲဖြင့် ပြောလိုက်သည်။

Gu Qishao  မှာ သူမအား လျစ်လျူရှုထားသဖြင့်  Mu Linger  မှာ တုံ့ဆိုင်းနေပြီးနောက် ထပ်မံ ကြိုးစားလိုက်သည်။ “ဆေးမိစ္ဆာအရှင်.. ပြီးခဲ့တဲ့ နှစ်တွေမှာ ဘာလို့ ဆေးမြို့တော်ကနေ ထုတ်ပယ်ခံရတာလဲ။"

Gu Qishao မှာ ထိုစကားကြောင့် ချက်ချင်းပင်လှည့်ကြည့်လာကာ မျက်လုံးထဲတွင် သန့်စင်သော အမုန်းတရားများ တောက်လောင်နေသည်။ “မင်းက ဘာလို့ မေးခွန်းအများကြီး မေးနေတာလဲ။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now