အခန်း(၂၅၈)

681 70 4
                                    

အခန်း(၂၅၈)

ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ဖွယ်အတွက် လူစားထိုး။





Han Yunxi မှာ ဖြစ်နိုင်ချေများအား ဂရုတစိုက် စဥ်းစားနေသည်။ တကယ်လို့ Gu Qishao  ကို ထောင်ထဲမှာ ဖမ်းမိသွားရင် ဝမ်မျိုးနွယ်က ငါတို့ကို သေချာပေါက် ပြောမှာပဲ။ ဒါပေမယ့် သတင်းမရှိသေးဘူး။ သူက တစ်ခုခုဖြစ်နေတာလား။ သူ့ရဲ့ အကျင့်နဲ့ဆို  ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲဖိတ်စာရပြီးတာနဲ့ သေချာပေါက် ရောက်လာမှာပဲ။

Long Feiye  မှာ ပြန်မရောက်သေးသဖြင့် Han Yunxi  မှာ ရွေးချယ်စရာမရှိပဲ Chu Xifeng  အား ရှာကာ သတင်း စုံစမ်းခိုင်းရလေသည်။ Gu Qishao  မှာ လက်ရှိတွင် Mu Linger ၏ အကျဥ်းခန်းထောင့်၌ ထိုင်နေကာ ကောင်းကင်မှ လရောင်အား ငေးကြည့်နေသဖြင့် သဘာဝကျစွာပင် Chu Xifeng မှာ မည်သည့်အရာမှ ရှာမတွေခဲ့ပေ။ ထိုစဥ် Mu Linger  မှာလည်း သူ၏ ဘေးတွင် တူညီစွာထိုင်နေကာ --- လကြည့်နေခြင်း မရှိပဲ---   ခံစားနေသည်။ သူမ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး အချစ်နွံနစ်နေကြောင်း ထင်ရှားလှသည်။ ကံမကောင်းစွာဖြင့် Gu Qishao  မှာ သူမအား အာရုံမရှိပေ။

သူက သန်မွေးဖွားခြင်းအဆိပ်အား အသုံးပြုပြီးနောက် အကျဥ်းထောင်အစောင့်များနှင့် လင်းမျိုးနွယ်မှ လူများမှာ ကြောက်ရွံ့ကာ အဝေးတွင်သာ နေကြတော့သည်။ Mu Linger  ထံ တစ်နေ့လျှင် အစားသုံးနပ် လာပို့ပေးသည်မှလွဲ၍ အကျဥ်းခန်းထဲသို့ ခြေတစ်လှမ်းပင် မဝင်လာဝံ့တော့ချေ။ အကယ်၍ ထိုသူများအား ကိုင်တွယ်ရန် ဤမျှ လွယ်ကူမည်အား သိခဲ့လျှင် သူက Mu Linger ၏ အကျဥ်းခန်းထဲသို့ ဝင်သွားမည့်အစား Han Yunxi  အား ရှာရန် သွားခဲ့မည်။ မနက်ဖြန်တွင် ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲရောက်လာပြီ ဖြစ်ကာ သူက Han Yunxi  ထံ ခိုစာပို့ပေးသင့်သော်လည်း ဘာမှမလုပ်ရသေးပေ။ ဘိုးဘေးကောင်စီမှာ Long Feiye  အား ဖိတ်ကြားမှုမှ ချန်ထားသဖြင့် သူက အဆိပ်ကောင်မလေးအား တစ်ယောက်တည်း အဖော်ပြုပေးရန် အကြောင်းပြချက် အပြည့်ရှိနေသည်။ သူက သူမနှင့် ရှိရမည့် အခွင့်အရေးအား လက်လျော့လိုက်ရသည့်အတွက် စိတ်တိုနေလေသည်။

သူက ထိုမျှ ဆိုးရွားစွာ ကံဆိုးလှကြောင်း ယုံကြည်ရန် ငြင်းဆန်နေမိသည်။ မနက်ဖြန်တွင် သူက ထွက်သွားနိုင်သော အခွင့်အရေး ရှိကောင်းရှိနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now