အခန်း(၅၄၇)

901 83 2
                                        

အခန်း(၅၄၇)

သူကို ထိခိုက်စေမလား။





ဆရာဖြစ်သူမှာ Han Yunxi နှင့် Long Feiye  အား ပြသနာမရှာရန် သူ့အား ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း ယခုကဲ့သို့ ခက်ထန်နေသည်အား မမြင်ဖူးခဲ့ပေ။  Jun Yixie မှာ Bai Yangqing အား မယုံကြည်နိုင်စွာ ကြည့်နေပြီး မေးခွန်းအတွက် အဖြေအား စောင့်နေသည်။

ဒါပေမယ့် ဘာကြောင့်လဲ။

Bai Yangqing မှာ လက်ထဲရှိ အဆိပ်ပန်းကန်လေးဖြင့် ကစားနေသည်။ သူက Jun Yixie ၏ မေးခွန်းအား ကြားဟန်မတူချေ။ Jun Yixie မှာ အချိန်ကြာမြင့်စွာ စောင့်နေခဲ့လေသည်။ သူက ထပ်မံမေးမြန်းရန် စဥ်းစားမိသော်လည်း  မဝံ့ရဲပေ။ သူက ငယ်စဥ်တည်းက ဆရာဖြစ်သူ၏ အကျင့်စရိုက်ဖြင့် ရင်းနှီးနေသဖြင့် ထပ်မံမေးမြန်းခြင်းမှာ အသုံးမဝင်ကြောင်း သိနေသည်။ ခေါင်းငုံကာ လက်ဆုတ်အရိုအသေပေးပြီးနောက် သူက ထွက်သွားရန် ပြင်လိုက်တော့သည်။

သို့တိုင် Bai Yangqing မှာ ပါးစပ်ဖွင့်ကာ တိုးတိုးပြောလိုက်သည်။ “ရှဲ့လေး.. ဒီဆရာက မင်းကို ထိခိုက်အောင်လုပ်ဖူးလား။”

Jun Yixie မှာ ပြန်လှည့်ကြည့်လိုက်လျှင် ဆရာမှ အဆိပ်များအပေါ်တွင် အာရုံစိုက်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့တိုင် ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်မျိုးမှာ သူ၏ နှလုံးသားမှ မြင့်တက်လာသည်။ ဆရာဖြစ်သူမှာ သူ့အား ကလေးဘဝမှ ငယ်နာမည်ဖြင့် ခေါ်ဆိုခြင်း မပြုသည်မှာ ကြာလှပြီ ဖြစ်သည်။ သူက ဆရာဖြစ်သူမှ အလုပ်လုပ်နေသည်အား ကြာမြင့်စွာ ရပ်ကြည့်နေပြီး မောက်မာထောင်လွှားသော ခန်မြို့စားထက် နာခံမှုရှိသော ကလေးတစ်ယောက်ဖြင့် ပို၍ တူလေသည်။

“ဒီတပည့်က ဆရာ့ရဲ့ ညွှန်ကြားချက်ကို နာခံပါ့မယ်။" ထပ်မံ အရိုအသေပေးပြီးနောက် Jun Yixie မှာ အခန်းထဲမှ ထွက်သွားလေသည်။ သူက ဆရာဖြစ်သူ၏ စကားအား အမြဲတစေ နားထောင်ခဲ့သည်။ ထိုတူညီသော အမျိုးသားကြောင့် သူက ယနေ့ရှိ အရာအားလုံး ပိုင်ဆိုင်ထားရသည်။ အသေအချာပဲ ဆရာက ငါ့ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး။

ယခုတွင် Long Feiye နှင့် Han Yunxi တို့မှာ ပျော်နေနိုင်သည်။ သူက မြောက်ပိုင်းလီအား ထိန်းချုပ်နိုင်သည်နှင့်ဆရာဖြစ်သူမှ ရှေ့ဆက်တိုးမည်မှန်း သူက သေချာနေသည်။ သူက ထွက်သွားပြီး မကြာခင်တွင် Bai Yuqiao မှာ မြက်တောထဲမှ ထလာကာ Bai Yangqing ၏ ဘေးသို့ ပြန်သွားလိုက်သည်။ ဆရာဖြစ်သူမှာ ဆော့ကစားနေသော အဆိပ်များအားလုံး ဖယ်ရှားလိုက်ကြောင်း သူမက တွေ့လိုက်ရလေသည်။ ၎င်းတို့၏ နေရာတွင် ထူးဆန်းသော သွေးစက်တစ်စက်မှာ ကျန်နေလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now