အခန်း(၅၀၂)

1.1K 118 4
                                        

အခန်း(၅၀၂)

အကြီးဆုံး အကျိုးအမြတ်။







ဟန်မျိုးနွယ်က လူတွေ ဘယ်ရောက်နေတာလဲ။ Han Yunxi ဘယ်မှာလဲ။

စစ်သားများမှာ ခြံဝန်းတွင် ရှာဖွေနေကြသည်။ ထိုသို့သော မငြိမ်မသက်မှုများအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လုယက်မှုများသာ ဖြစ်ပေါ်လာနိုင်ကြောင်း မျှော်လင့်ထားနိုင်သော်လည်း Long Tianmo မှာ သူက ဂရုစိုက်ရသူများအား ကာကွယ်ရန် နှလုံးသားရှိနေဆဲဖြစ်သောကြောင့် Han Yunxi  မှာ ဟန်အိမ်တွင် ရက်ပေါင်းများစွာ နေထိုင်နေခဲ့ကြောင်း သိရလျှင် ရှာဖွေရန် လူများ စေလွှတ်လိုက်လေသည် ။ သို့တိုင် နေရာတစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေပြီး သူ၏ ကြိုးစားအားထုတ်မှုမှာ အချည်းနှီး ဖြစ်သွားလေသည်။ Mu Qingwu မှာလည်း ယုံကြည်ရသော နန်းတော်အစောင့်အကြပ်များထဲမှ လက်အောက်ငယ်သား တစ်ဦးအား  စေလွှတ်ကာ စစ်ဆေးခဲ့သော်လည်း တူညီသော ရလဒ်များသာ ရရှိခဲ့လေသည်။ အိမ်တွင် ဝိညာဉ်တစ်ကောင်ပင် မကျန်တော့ချေ။

အမှန်တွင် သူတို့၏ ရှေ့၌ပင် Gu Qishao မှာ ဟန်အိမ်သို့ ရောက်လာပြီး ခြံဝန်းတစ်ခုလုံး ရှာဖွေခဲ့သော်လည်း Han Yunxi အား ရှာမတွေ့ခဲ့ချေ။

သူမဘယ်မှာလဲ…..

သဘာဝကျစွာပင် သုံးဖွဲ့မှာ ချင်ဝမ်အိမ်တော်သို့ သွားရောက်ခဲ့ကြပြီး ရှင်းလင်းနေသည်အားသာ ရှာတွေ့ရပြန်သည်။ ထိုနှစ်ထပ်ကွမ်းတိုက်ဆိုင်မှုမှာ ချင်ဝမ်မှ ကိစ္စများအား ကြာမြင့်စွာတည်းက  ကြိုတင်ခန့်မှန်းထားသည်ဟု ဆိုလိုသည်။ Long Tianmo နှင့် Mu Qingwu တို့မှာ နန်းတော်တံခါးများအား ဝင်စီးနေချိန် အလယ်တွင် သတင်းရရှိလိုက်ကြလေသည် ။ Mu Qingwu မှာ တိတ်ဆိတ်နေသော်လည်း Long Tianmo မှာ ခံစားချက်များဖြင့် သက်ပြင်းသာချလိုက်သည်။ “ဒါတွေတစ်ခုမှ … ဦးရီးတော်ချင်ရဲ့ ထိန်းချုပ်မှုကနေ မလွတ်မြောက်နိုင်ပါ့လား…”

ချင်ဝမ်မှ အချိန်ကြိုတင်၍ မြို့မှထွက်ခွာသွားခဲ့ပြီး ခြေရာလက်ရာမကျန်ရစ်စေရန် ခြံဝန်းနှစ်ခုလုံးအား ရှင်းလင်းစွာ ရွှေ့ပြောင်းသွားခဲ့သည်။ သံသယရှိစရာမလိုပဲ သူက အဖွဲ့နှစ်ဖွဲ့ကြားရှိ လက်နက်ကိုင် ပုန်ကန်မည့်အချိန်အား ကြိုတင်ခန့်မှန်းထားခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် Long Tianmo မှာ မူမျိုးနွယ်အား ဖိနှိပ်၍ ခမည်းတော်မှ သူ့အား ထောင့်သို့ တွန်းပို့ရန် မည်သည့်အတွက်ကြောင့် ဤမျှ လျင်မြန်စွာ လှုပ်ရှားလာမှန်း နားလည်သွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now