အခန်း(၅၃၉)
အမျိုးသားများ၊ ကတိသစ္စာ။
ဆေးမိစ္ဆာ၏ ရှင်းပြမှုဖြင့် သခင်မ Lianxin မှာ ထပ်မရှင်းပြတော့ပေ။ ယခုတွင် သူမက လက်ထဲရှိ အစွမ်းအထက်ဆုံးကတ်အား ထုတ်ပြလိုက်ပြီ ဖြစ်သဖြင့် ခိုင်မာစွာ ရပ်တည်နေရန်သာ ကျန်တော့သည်။
“Han Yunxi… ဒါက မင်းအမေကို မင်းအဖေက မင်္ဂလာလက်ဆောင်အဖြစ် ပေးခဲ့တဲ့ပစ္စည်းပဲ။ ဒီလို အရေးပါတဲ့ ပစ္စည်းတစ်ခုက အနည်းဆုံးတော့ မူမျိုးနွယ်တစ်ခုလုံး တန်ကြေးရှိတယ်။ ဒီသခင်မက မနက်ဖြန်ကြားနာပွဲရဲ့ ရလဒ်ကို စောင့်နေမယ်။" သခင်မ Lianxin မှာ စကားဆုံးသည်နှင့် လှည့်မကြည့်ပဲ ထွက်သွားတော့သည်။
Han Yunxi မှ ၎င်းအား မလိုချင်သည့်တိုင်အောင် Long Feiye မှာ လက်လျော့နိုင်မည် မဟုတ်ကြောင်း သူမက ယုံကြည်ချက်ရှိနေသည်။ လောကအား အုပ်စိုးရန် ရည်မှန်းချက်ဖြင့် မည်သည့် အမျိုးသားမဆို စိတ်ကူးလိပ်ပြာအိပ်မက်ဖြင့် ပတ်သက်သော ပစ္စည်းအား တက်မက်လိမ့်မည်။ Han Yunxi နှင့် Long Feiye တို့မှာ မျက်လုံးချင်း ဆုံသွားပြီး အဆိပ်နှင့် ပတ်သက်သော တစ်စုံတစ်ရာဖြင့် တိုးမိသွားသဖြင့် အံ့အားသင့်နေသည်။ ၎င်းမှာ အလွန်အမင်း အံ့အားသင့်ရသဖြင့် Han Yunxi မှာ သူမ၏ ဇစ်မြစ်ဖြင့် ပတ်သက်၍ပင် တုံ့ပြန်ရန် အချိန်မရှိပေ။
စိတ်ကူးလိပ်ပြာအိပ်မက်မှာ သူတို့၏ လက်ထဲတွင် ရှိနေပြီး ထို့အပြင် မိန်းမလှသွေးအားလည်း အောင်မြင်စွာ ပျိုးထောင်ပြီး ဖြစ်သည်။ အကယ်၍ သူတို့က နှစ်တစ်သောင်း သွေးကျောက်စိမ်းအား ပေါင်းထည့်လိုက်လျှင် အဆိပ်၏ လျှို့ဝှက်ချက်အား ဖော်ထုတ်နိုင်မည်လော။ ထိုသို့ တွေးမိလျှင် Han Yunxi မှာ စိတ်လှုပ်ရှားလာသည်။ အဆုံးတွင် အဆိပ်ဖြေစနစ်ပင် မဖော်ထုတ်နိုင်သော တစ်စုံတစ်ရာမှာ သူမ၏ လက်ထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည်။ သူမက ထိုအတွေးအား သည်းမခံနိုင်ပေ။
“ထူးဆန်းတယ်…” Gu Qishao မှာ ရေရွတ်လိုက်သည်။
Han Yunxi နှင့် Long Feiye တို့နှစ်ယောက်မှာ တူညီသော အတွေးဖြင့် လှည့်ကြည့်လိုက်ကြသည်။ သူက စိတ်ကူးလိပ်ပြာအိပ်မက်နဲ့ ပတ်သက်ပြီး ဘယ်လောက်သိထားလို့လဲ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historyczne**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
