အခန်း(၄၂၄)
အနောက်ဘက်သို့ မြတ်စွာဘုရားပင့်ဆောင်ခြင်း။
Baili Mingxiang က ရောက်နေသည်။
“ငြင်းလိုက်။" Long Feiye မှာ အေးစက်စွာ တုံ့ပြန်လိုက်သည်။ Han Yunxi မှာ အနားယူရမည်ဖြစ်သောကြောင့် သူက သူမအား မည်သူတစ်ဦးတစ်ယောက်နှင့်မှ တွေ့ခွင့်ပေးမည် မဟုတ်ပေ။ အနှောင့်အယှက်ပေးခံရခြင်းမှာ သူမက မလိုအပ်ဆုံးသော အရာဖြစ်သည်။
“ဝမ်ရယ် သူမက ချန်ချီကို တွေ့ဖို့လာတာလေ။" Han Yunxi မှာ သတိပေးလိုက်သည်။
Long Feiye မှာ သူမအား လျစ်လျူရှုထားကာ Zhao မားမားအား အေးစက်စွာ ပြောလိုက်သည်။ “ဝမ်ဖေးက အနားယူဖို့ လိုအပ်တယ်။ ဒါကြောင့် တွေ့လို့ရမဘူး။"
Zhaoမားမားမှာ မိန်းမလှသွေးအကြောင်း မသိထားသော်လည်း သူမက Baili မျိုးနွယ်၏ ချင်ဝမ်အပေါ် သစ္စာရှိမှုအား သတိပြုနိုင်သည်။ သူမလည်း မိန်းကလေး Mingxiang အား သဘောကျသည်။ သို့တိုင် သူမ၏ သခင်ဖြစ်သူမှ ထိုသို့ ပြောလာသဖြင့် Zhaoမားမားမှာ နာခံလိုက်ရသည်။ “ဟုတ်ကဲ့။"
သူမက ထွက်သွားရန် ပြင်လိုက်စဥ် Han Yunxi မှာ ခေါ်လိုက်သည်။ “နေဦး။”
Zhaoမားမားမှာ ဝမ်းနည်းစွာ ခံစားလိုက်ရပြီး တိတ်ဆိတ်စွာ ရပ်တန့်လိုက်တော့သည်။ Han Yunxi မှာ ဆက်ပြောလိုက်သည်။ “ဝမ်ရယ် မိန်းကလေးMingxiang က ဒီမှာ ရောက်နေပြီမလို့ ချန်ချီက သွားရမှာ သက်သာသွားပြီ။ သူမရဲ့ ရောဂါက ထူးခြားတာမလို့ ချန်ချီကကိုယ်တိုင် စစ်ဆေးသင့်တယ်။”
Long Feiye မှာ Han Yunxi ၏ လေးနက်သောအကြည့်ကြောင့် တုံ့ဆိုင်းသွားတော့သည်။ သူက စကားမဆိုနိုင်သကဲ့သို့ သူမအားလည်း မတားနိုင်ပေ။ Han Yunxi မှာ Zhaoမားမားအား မျက်လုံးဖြင့် အချက်ပြလိုက်လျှင် အမျိုးသမီးကြီးမှာ ဧည့်သည်အား ဖိတ်ခေါ်ရန် အလျင်စလို ထွက်သွားတော့သည်။ အနာဂါတ်တွင် သူတို့၏ သခင်နှစ်ယောက်မှာ အငြင်းပွားလျှင် မည်သူမှ အလျော့ပေးရမည်အား Chu Xifeng နှင့် သူမက အလွန်အမင်း အလောင်းအစား လုပ်ချင်နေတော့သည်။
Baili Mingxiang မှာ ခြံဝန်းထဲသို့ ရောက်လာချိန်တွင် Long Feiye နှင့် Han Yunxi တို့မှာ အပြင်၌ ထိုင်ကာ လက်ဖက်ရည် သောက်နေသည်။ Su Xiaoyu မှာ နှစ်ယောက်အား ဂရုတစိုက် စောင့်နေသည်။ Baili Mingxiang မှာ မူလတည်းကပင် ပိန်သွယ်ဖြစ်ကာ သူမ၏ လတ်တလော အခြေအနေကြောင့် အရိုးပေါ် အရေတင်နီးပါးဖြစ်သွားသည်။ အကယ်၍ လေပြင်းလာလျှင် သူမက ချက်ချင်းပင် လွှင့်ပါသွားလောက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historische Romane**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
