အခန်း(၄၈၅)

1K 114 17
                                        

အခန်း(၄၈၅)

ဒီလူက မသေနိုင်ဘူး။





Gu Qi Sha မှာ သူ၏ ကျောအား ဒိုင်းအဖြစ် အသုံးပြုကာ Han Yunxi နှင့်အတူ ထွက်ပြေးသွားသည်။ သို့တိုင် လေးသမားတစ်ယောက်မှ လိုက်မသွားပဲ Chu Xifeng နှင့် Gu Beiyue အား ဝိုင်းရံလိုက်ကြသည်။

အခုဘာဖြစ်နေတာလဲ။

"မကောင်းတော့ဘူး။ ထောင်ချောက်ပဲ။ လေးစားရတဲ့ဝမ်ဖေးက အန္တရယ် ရှိနေပြီ။" Chu Xifeng မှာ ချက်ချင်းပင် ရှုပ်ထွေးမှုအား သဘောပေါက်သွားတော့သည်။ ထိုသူများမှာ နေရာတွင် ပိတ်ကာ အစောင့်များမှ ပုန်ကန်သော သတင်းပျံ့သွားခြင်းမှ ကာကွယ်ရန် မျက်မြင်သက်သေများဖြစ်သော သူတို့အား သတ်လိမ့်မယ်။ ကုအိမ်အပြင်မှာ Gu Qi Sha ကိုဖမ်းဖို့ ထောင်ချောက် ရှိနေနိုင်တယ်။

အကြံအစည်တစ်ခုလုံးက .... ဟာကွက်မရှိဘူး။ ရက်စက်လွန်းတယ်။

လက်ရှိအခြေအနေမှ ဆုံးဖြတ်ရလျှင် Duanmu Yao ၏ ရုတ်တရက် ရောက်လာမှုမှာ တိုက်ဆိုင်မှုမဖြစ်နိုင်ကြောင်း Chu Xifeng မှာ အတော်လေး သေချာနေသည်။ သူမက Long Feiye အား ခေါ်ထုတ်ရန် တမင် စေလွှတ်ခံရခြင်း ဖြစ်ရမည်။ ကိစ္စတစ်ခုလုံးအား ကြိုးကိုင်သူမှာ Chu Tianyin ဖြစ်နိုင်ချေများသော်လည်း ထျန်းနင်တော်ဝင်အစောင့်အကြပ်များအား မည်သို့ ဆွဲခေါ်နိုင်ကြောင်း Chu Xifeng မှာ နားမလည်နိုင်ပေ။

ငယ်ရွယ်သော တပ်မှူးမှာ မတ်တပ်ရပ်ကာ အေးစက်စွာပြောလိုက်သည်။ "အစောင့်ချူ ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာ ဘယ်တုန်းကမှ မထင်ထားဘူးမလား။"

"ငါတို့နှစ်ယောက်ကို သတ်လိုက်တာနဲ့ မင်းရဲ့ မကောင်းမှုကို ဖုံးကွယ်ထားနိုင်မယ်များ ထင်နေလား။ မင်းက အရှင့်သားချင်ဝမ်ကို မိုက်မဲတဲ့သူလို့များ ထင်နေလား။" Chu Xifeng မှာလည်း တူညီစွာ အေးစက်လှသည်။

"ကျုပ်သခင်ကလည်း... အရူးမဟုတ်ဘူး။" တပ်မှူးလေးမှာ ရယ်မောကာ နောက်ဆုတ်သွားပြီး လေးသမားများအား ပစ်ခတ်ခိုင်းလိုက်သည်။ Gu Beiyue ၏ မျက်လုံးများမှာ အေးစက်သွားပြီး လှုပ်ရှားရန် ပြင်လိုက်စဥ် ခြံဝန်းထဲသို့ ဓါးရှည်တစ်ချောင်းမှာ လေထဲမှ ပျံသန်းလာပြီး တပ်မှူးလေး၏ ဝမ်းဗိုက်တွင် ထိုးဖောက်သွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now