အခန်း(၅၅၀)

880 86 6
                                        

အခန်း(၅၅၀)

မင်းက ထက်ပြီး တုံးအနိုင်သေးလား။





ဖြစ်နိုင်လျှင် Han Yunxi မှာ ထွက်မပြေးချင်ပေ။ သို့တိုင် သူမက အခြားမည်သို့ ပြုလုပ်နိုင်မည်နည်း။ Long Feiye အတွက် လမ်းရှင်းပေးရန် သူမက အဆိပ်လိပ်ပြာများအား အသေးလေးဖြင့် ခြောက်လှန့်ခဲ့သည်။ ယခုတွင် ၎င်းမှာ ဝန်ထုတ်ဝန်ပိုး တစ်ခု ဖြစ်လာတော့သည်။

ကိုယ်ခံပညာအား နားမလည်ခြင်းမှာ စိတ်မကောင်းစရာပင်။

Han Yunxi မှာ လိုဏ်ခေါင်းအနက်ထဲသို့ ပြေးသွားလိုက်သည်။ အကယ်၍ သူမက Long Feiye ထံ ဦးတည်သွားလျှင် တိုက်ပွဲအလယ်တွင် သူက သူမအား သတိပြုမိနိုင်မည် မဟုတ်ပေ။ သူမကသာ မြှားထိကာ သေသွားနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် လိုဏ်ခေါင်းထဲသို့ ပြေးသွားလျှင် လမ်းရှိအဆိပ်များ၏ ခြိမ်းခြောက်မှုအား အသေးလေးဖြင့် ဖြေရှင်းနိုင်သည်။

သူမက ပြေးသွားပြီး အသေးလေးအား ပုတ်နိုးနေသည်။ သို့တိုင် အသေးလေးမှာ ပြည့်အင့်အောင် စားထားပြီးနောက် အသေကောင်ကဲ့သို့ အိပ်နေလေသည်။ အပြင်တွင် ဖြစ်ပျက်နေသည်အား သူက မသိချေ။ သူမ၏ အနောက်တွင် အမျိုးသမီးကြီးမှာ အပူတပြင်းလိုက်လာသည်။ သူမက ဆက်တိုက် ကျွမ်းပစ်လိုက်ပြီးနောက် တိုက်ခိုက်ရန် အပ်များထပ်မံ ပစ်လွှတ်လိုက်သော Han Yunxi ၏ ရှေ့တွင် ရပ်လိုက်သည်။ အမျိုးသမီးကြီးမှာ ရှောင်တိမ်းလိုက်လျှင် Han Yunxi မှာ လိုဏ်ခေါင်းအဝင်ဝသို့ ပြန်လှည့်ပြေးရပြန်သည်။ အမျိုးသမီးကြီးမှာ လျင်မြန်စွာ တုံ့ပြန်လာကာ Han Yunxi ၏ ရှေ့သို့ ခုန်ဆင်းလာလျှင် သူမက လိုဏ်ခေါင်းအတွင်းပိုင်းသို့ ထပ်မံ၍ ပြေးရပြန်သည်။

Han Yunxi မှာ သူမအား ရှင်းရှင်းလင်းလင်း လှည့်စားနေခြင်းပင်။

"နင်က သေချင်နေတာပဲ။" အနက်ဝတ်အမျိုးသမီးမှာ Han Yunxi ၏ ရှေ့သို့ ရောက်လာပြန်ကာ သူမအား လည်ပင်းမှ ဆုတ်ကိုင်လိုက်သည်။ သူမက ထပ်မံ၍ ဖိအားမပေးနိုင်ခင် Han Yunxi မှာ ဦးခေါင်းမှ ဆံထိုးအား ဆွဲကာ အမျိုးသမီး၏ ပုခုံးတွင် ထိုးစိုက်လိုက်တော့သည်။အမျိုးသမီးကြီးမှာ အံ့အားသင့်သွားတော့သည်။ ကိုယ်ခံပညာ တတ်မြောက်ထားခြင်း မရှိသော ထိုမိန်းကလေးမှာ ဤမျှ လျင်မြန်စွာ လှုပ်ရှားနိုင်လိမ့်မည်ဟု သူမက မထင်မှတ်ထားပေ။ သူမက Han Yunxi အား တစ်ဖက်သို့ ရိုက်ထုတ်လိုက်ပြီး ပုခုံးမှာ အဆိပ်သင့်သွားကြောင်း သတိပြုမိသွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now