အခန်း(၅၂၅)

587 68 5
                                    

အခန်း(၅၂၅)

ရှင်သိလား။ ကျွန်မက သူ့ကို သဘောကျတယ်။






မည်သည့်နေရာမှ ထွက်လာမှန်း မသိသော ထူးဆန်းသည့် အသံမှာ ချက်ချင်းပင် Mu Linger ၏ နှလုံးသားအား ခုန်ပေါက်သွားစေသည်။ သူမက အေးခဲနေပြီး မော့ကြည့်ရန် အလွန် ထိတ်လန့်နေသောကြောင့် မျက်လုံးများမှာ ကြမ်းပြင်တွင်သာ ရှိနေသည်။ အခုလေးတင်… တကယ်ပဲ အဲ့ဒီသူရဲ့ အသံလား… ဒါမှမဟုတ် ငါက ကြားယောင်နေတာလား။

တစ်စုံတစ်ရာအား သတိရသွားသကဲ့သို့ သူမ၏ နှလုံးသားမှာ အရှိန်ပြင်းသော မြင်းတစ်ကောင်ကဲ့သို့ ခုန်ပေါက်နေသည်။ လောကတစ်ခွင်လုံးမှာလည်း တိတ်ဆိတ်သွားသကဲ့သို့ သူမက ခံစားလိုက်ရသည်။ ထိုရင်ခုန်သံမှ သူမ၏ ရင်ဘတ်တွင် ရှင်းလင်းစွာပင် ထွက်ပေါ်လာနေသည်။

ပြီးတော့…

စင်္ကြန်မှ အလျင်အမြန်ဖြင့် သူမထံ လာနေသော ခြေသံများအား ကြားလိုက်ရသည်။  Mu Linger  မှာ ချက်ချင်းပင် မော့ကြည့်လိုက်ပြီး ဗလာဖြစ်နေသော တံခါးဘောင်အားသာ တွေ့လိုက်ရသည်။ အကျဥ်းထောင်စောင့်များမှ ရောက်လာချိန်တွင် မည်သည့်အရာမှ မရှိတော့ပေ။ သူမ၏ တောက်ပကာ တဖျတ်ဖျတ်လတ်နေသည့် မျက်လုံးများမှာ မှေးမှိန်သွားတော့သည်။ သူမက အစောင့်များအား လက်ညှိုးထားစေ ကာ အချင်းချင်း စကားပြောခွင့်ပေးပြီးနောက် တံခါးအား ပိတ်လိုက်လျှင် ထိုသူများအား နောက်တစ်ကြိမ် မကြည့်တော့ပေ။ သူမက ရက်မှတ်ထားသော ပန်းကန်လုံးလေးအားပင် မေ့သွားပြီး ကြိုးပြတ်သွားသော အရုပ်ကဲ့သို့ မြေပေါ်တွင် ထိုင်ချလိုက်သည်။ သူမ၏ လက်မောင်းများအား အသက်မဲ့စွာဖြင့် ဒူးအား ပိုက်ထားလေသည်။ ငါက နားကြားမှားတာဆိုတာ သိသားပဲ။ ငါက ထင်ချင်ရာ ထင်နေတာပဲ ဖြစ်ရမယ်။

“ကောင်မလေး မင်းက ထွက်ပြေးဖို့ လက်လျော့လိုက်မှတော့ အခုဆိုရင် ပြေးလို့ မရတော့ဘူး။" အမှောင်ထဲမှ အသံမှာ ထပ်မံထွက်ပေါ်လာပြီး ရှင်းလင်းပြတ်သားကာ ညာဘက်မှ လာလေသည်။

ဒါ…

Mu Linger  မှာ ခေါင်းလှည့်လိုက်လျှင် သူမ၏ မျက်လုံးများမှာ အမှောင်ဖြင့် အသားကျသွားသည်အထိ မည်သည့်အရာမှ မမြင်ရပေ။ နံရံတွင် မှီနေသော အနက်ရောင်ပုံရိပ်တစ်ခုမှာ အမှောင်ထုနှင့် ပေါင်းစပ်နေသကဲ့သို့ပင်။ အကယ်၌ သူမက ဂရုတစိုက် ကြည့်ရှုခြင်း မရှိလျှင် တွေ့ရမည် မဟုတ်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now