အခန်း(၅၀၀)
ဖြေဆေး။ မင်းသူ့ကို ယုံလား။ ကိုယ့်ကို ယုံလား။
Baili Mingxiang မှာ လေးစားရတဲ့ ဝမ်ဖေးမှ တစ်ယောက်တည်း လျှောက်လာသည်အား မြင်လျှင် သူမအား ကြိုရန် အလျင်အမြန်ပြေးသွားလိုက်သည်။ " လေးစားရတဲ့ ဝမ်ဖေး၊ မြင်းလှည်းပေါ် တက်ပါ။ အရှင့်သား စောင့်နေတယ်။"
"ဘယ်ကိုလဲ။" Han Yunxi မှာ မကျေမနပ်ဖြင့် မေးလိုက်သည်။
“အရှင့်သားနဲ့အတူ အိမ်တော်ကိုပေါ့…။ လေးစားရတဲ့ ဝမ်ဖေး၊ အရှင့်သားက ကိုယ်တိုင် လာခေါ်ရင် အိမ်ပြန်လာမယ်လို့ ပြောခဲ့တယ်လေ။ အိမ်ကို မြန်မြန်ခဲ့ပါ…. အရှင့်သားက စောင့်နေပါတယ်။” Baili Mingxiang မှာ ပြုံးနေသော်လည်း သူမ နှလုံးသားမှာ ရင်ဘတ်ထဲတွင် တင်းကြပ်နေတော့သည်။မြင်းလှည်းပေါ်သို့ အရှင့်သားမှာ အရင်ဆုံးတက်လာလိမ့်မည်ဟု သူမက မထင်မှတ်ထားပေ။ နန်းတော်မှာ စုံတွဲကြား တစ်ခုခုဖြစ်ခဲ့တာလား။ လေးစားရတဲ့ ဝမ်ဖေး က ဘာလို့ အရမ်း စိတ်ပျက်နေပုံရတာလဲ။
Han Yunxi က စကားမဆိုပဲ Baili Mingxiang အား ဂရုတစိုက် ကြည့်လိုက်သည်။ Baili Mingxiang မှာ အစပိုင်းတွင် ယုံကြည်မှုအပြည့်ဖြင့် ရှိနေသော်လည်း မကြာမီတွင် သူမက မဝံ့မရဲဖြင့် သခင်မဖြစ်သူ၏ အကြည့်အား ရှောင်တိမ်းလိုက်တော့သည်။
"သူ့ကို ပြောလိုက်….သူက ငါ့ကိုစောင့်စရာမလိုတော့ဘူးလို့…။" Han Yunxi မှာ ထွက်သွားရန် ပြင်လိုက်စဥ် Baili Mingxiang မှာ သူမအား လှမ်းဆွဲလိုက်သည်။
“အရင်ဆုံး မြင်းလှည်းပေါ်တက်ပါ။ အရှင့်သားရဲ့ ဒေါသကို ဝမ်ဖေးက သိပါတယ်။ ဝမ်ဖေးက ခြေလှမ်းတစ်လှမ်း အလျော့ပေးလိုက်ရင် အရှင့်သားက သေချာပေါက် ဝမ်ဖေးကို နောက်ထပ် ဆယ်လှမ်း အလျော့ ပေးလိမ့်မယ်။"
Han Yunxi မှာ ထွက်သွားရန် ခေါင်းမာနေသော်လည်း Baili Mingxiang မှာ သူမအား လွှတ်ပေးရန် ငြင်းဆန်နေသည်။ သူမက သခင်မအား အစွမ်းကုန်ချော့မော့နေသည်။“ လေးစားရတဲ့ ဝမ်ဖေး၊အရှင့်သားရဲ့ နှလုံးသားထဲမှာ ဝမ်ဖေးသာမရှိရင် သူက ထွက်သွားလောက်ပြီ မဟုတ်လား။ သူက မြင်းလှည်းပေါ်မှာ စောင့်နေတုန်းမို့ သေချာပြန်စဉ်းစားသင့်တယ်။”

YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...