အခန်း(၅၅၁)

564 58 20
                                    

အခန်း(၅၅၁)

မင်းကို ဒုတိယအကြိမ်ဆို ခွင့်မလွှတ်ဘူး။







Long Feiye မှာ Han Yunxi  ထံ လမ်းလျှောက်လာစဥ် အမျိုးသမီးကြီးမှာ ရုတ်တရက် လှုပ်ရှားလာသည်။

“သူမရဲ့ အဆိပ်ကို သတိထား။"  Han Yunxi မှာ Long Feiye ထံ ပြေးဝင်သွားပြီး သူမ၏ အရှိန်ကြောင့် Long Feiye ပင် အံ့အားသင့်သွားတော့သည်။ သူမအရှိန်မှာ Long Feiye  အား ဘေးသို တွန်းရန် လုံလောက်နေပြီး ပို၍ အံ့အားသင့်စေတော့သည်။

အမှန်တွင် သူမက ဘေးတွင် ရှိနေသရွေ့ Long Feiye မှာ အဆိပ်များအား ကြောက်နေခြင်း မရှိပေ။ ယခုအချိန်တွင် သူမက မည်သို့သွက်သွက်လက်လက်ရှိနိုင်ကြောင်း မြင်ရပြီး အတွေးဟောင်းအား စဥ်းစားမိသည်။ ဒီကောင်မလေးကို ကိုယ်ခံပညာသင်ပေးဖို့ မခက်လောက်ဘူး။

အတိတ်တွင် Han Yunxi မှာ ကိုယ်ခံပညာ သင်ယူချင်ခဲ့သော်လည်း သူမ၏ ပါရမီမှာ အလွန်နိမ့်ပါးသည်ဟု ဆိုကာ သူက ငြင်းပယ်ခဲ့သည်။ ထိုအချိန်မှစကာ သူမကိုယ်သူမ ကိုယ်ခံပညာဖြင့် ပတ်သက်လာလျှင် အမှိုက်ကဲ့သို့ သဘောထားနေခဲ့သည်။ အကယ်၍ သူမက အမှန်တရားအား သိနိုင်ခဲ့လျှင်…..

Long Feiye မှာ မှင်သက်နေစဥ် Han Yunxi မှာ ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။ သူက ကိစ္စအား မမေးနိုင်ခင် သူမက အိတ်ထဲမှ ဖြေဆေးအား ထုတ်ကာ မြိုချလိုက်လေသည်။ ချက်ချင်းပင် ချောင်းဆိုးနေခြင်း ရပ်တန့်သွားသည်။ အဆိပ်ဖြင့် ပတ်သက်နေလျှင် Long Feiye မှာ သူမအား မည်သည့်အချိန်မှ စိတ်ပူစရာမလိုပေ။ ထိုစဥ် အနက်ဝတ်အမျိုးသမီးမှာ Han Yunxi အား မယုံကြည်နိုင်စွာ ကြည့်နေသည်။

“မင်းမှာ ဖြေဆေးရှိတယ်။"

သူက နှစ်ဆခုနစ်မျိုးဆူပွက်ခြင်း အဆိပ်မှုန့်အား ဖြန့်ကျဲခဲ့သည်။ ထိုအဆိပ်မှာ ခုနစ်ဆ သို့မဟုတ် ပမာဏ ၄၉ ဆရှိသော သီးသန့်အဆိပ်များအား စုစည်းထားသောကြောင့် ဖြစ်သည်။ ၎င်းအား ရှူရှိုက်မိသူမှာ လက်ထဲတွင် ဖြေဆေးမရှိလျှင် စက္ကန့်ပိုင်းအတွင်း သေဆုံးသွားနိုင်သည်။ Han Yunxi က လက်ထဲမှာ ဘယ်လိုလုပ် ဖြေဆေးရှိနေတာလဲ။ ဘယ်လိုတောင် တိုက်ဆိုင်တာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now