WARNING
----------
Helminthophobia, Scoleciphobia ဒါမှမဟုတ် vermiphobia တုတ်ကောင်၊ သန်ကောင် ကပ်ပါးကောင် ပုံမှန်ထက်ပိုပြီး ကြောက်တတ်တဲ့သူတွေ သတိပြုပါ။
---------
အခန်း(၅၂၄)
စဥ့်စီတုံးပေါ်မှ လှီးဖြတ်ခံရမည့် အသား။
လူတစ်ယောက်မှာ လိမ်ညာလျှင် ပထမအလိမ်အညာအား ဖုံးကွယ်ရန် နောက်ထပ် အလိမ်အညာများ ပြောရမည်။ စည်းမျဥ်းဟု ခေါ်ရမည့်အစား ၎င်းမှာ လွတ်မြောက် မဖြစ်နိုင်သော ကျိန်စာဟု ဆိုနိုင်သည်။ Xie Hongming မှာ ခေါင်းဆောင်အကြီးအမှူးရှဲ့နှင့် မျိုးနွယ်ခေါင်းဆောင်၏ မေးခွန်းများဖြင့် ရင်ဆိုင်ရချိန်တွင် ထပ်မံ၍ အလိမ်အညာများအား ဖန်တီးရတော့သည်။
“ချင်ဝမ်နဲ့ ချင်ဝမ်ဖေးက ဒီကိစ္စကို ဘယ်လို သဘောထားလဲ။” ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ ထပ်မံ မေးမြန်းလိုက်သည်။
“ချင်ဝမ်က ဘာမှ မပြောပါဘူး။ ချင်ဝမ်ဖေးကို ကျွန်တော်နဲ့ ဒုတိယသခင်ကြီးဝမ်က ယုံကြည်တဲ့အထိ နားချခဲ့တာပါ။ ဒါပေမယ့် သူမက တုံ့ပြန်မှု သိပ်မရှိပါဘူး။” Xie Hongming မှာ ဖြေလိုက်သည်။
ခေါင်းဆောင်အကြီးအမှူးရှဲ့မှာ သံသယများ ရှိနေသော်လည်း ထိုသည်အား ကြားလျှင် ဇာတ်လမ်းအား ယခင်ကထက် ပို၍ ယုံကြည်လာသည်။ Long Feiye နဲ့ Han Yunxi တို့ရဲ့ တွေးခေါ်မှုနဲ့ဆိုရင် ဒီလို ထိရှလွယ်တဲ့ ကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်းနဲ့ သူတို့ရဲ့ အမြင်ကို ပြောမှာ မဟုတ်ဘူး။
“မင်းအာ… ဒီကိစ္စအကြောင်းကို ဆေးပစ္စည်းအသင်းမှာ မူမျိုးနွယ်ဝင်တွေ ပြောတာကြားခဲ့ပေမယ့် ဒီကောလဟာလက စိတ်ချရလို့လား။" ရှဲ့မျိုးနွယ်ခေါင်းဆောင်မှာ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အတော်လေး သတိထားနေသည်။
“ကျွန်တော်က Mu Chaoran ရဲ့ ခြေလျင်လုပ်သားတွေဆီက ကြားခဲ့တာပါ။ အဖေ.. အခွင့်အရေးကို လက်လွှတ်ခံမယ်အစား ဒီလိုကိစ္စကို ယုံကြည်လိုက်တာ ပိုကောင်းပါမယ်။ ဒီလူက မြင်ရသလောက် အဲ့တာက အမှန်ဖြစ်ရပါမယ်။ ပြီးတော့ ဆေးဝါးတောအုပ်က အဆိပ်ကန်က ဘာလို့ ဒီအတိုင်း ပျောက်သွားနိုင်မှာလဲ။ အဲ့တာဖြစ်သွားတဲ့ညက တောအုပ်ထဲမှာ မူမျိုးနွယ် ခေါင်းဆောင်က ရှိနေတယ်မလား။ ဒါ့အပြင် အဆိပ်တစ်ရာဂိုဏ်းရဲ့သခင်က Jun Yixie ဖြစ်နေပါတယ်။ အဲ့တာက အရမ်း တိုက်ဆိုင်တယ်လို့ မထင်ဘူးလား။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
