အခန်း(၄၁၉)

1.3K 127 12
                                        

အခန်း(၄၁၉)

ကျွန်မတို့က Gu Qi Sha ကို ရှာရမယ်။






Baili Mingxiang ၏ ကိုယ်ပေါ်မှ ထွက်လာသော မိန်းမလှသွေးများနှင့် Han Yunxi ထံမှ တစ်စိတ်တစ်ပိုင်း မိန်းမလှသွေးမှာ အမှန်တကယ်တွင်…..
အတိအကျတူညီနေတယ်။

Han Yunxi မှာ အံ့အားသင့်သွားပြီးနောက် အဆိပ်ဖြေစနစ်မှာ တစ်နေရာတွင် ချို့ယွင်းသွားသည်လားဟုပင် တွေးမိသွားသည်။ သူမက စနစ်အား ပိတ်လိုက်ပြီး ပြန်စတင်ကာ သေချာစေရန် ဒုတိယအကြိမ်စကင်ဖတ်လိုက်သည်။ ရလဒ်မှာ ပထမအကြိမ်နှင့် တူညီနေကာ သူမက ရေရွတ်လိုက်တော့သည်။ “ငါက ဥာဏ်ကြီးရှင်ပဲ….”

သူမ၏ စမ်းသပ်ချက် ပုံစံတူမှာ အမှန်တကယ် အမျိုးအစား ပုံတူဖြစ်နေသည်။ ၎င်းတို့မှာ လုံးလုံးလျားလျား ဆင်တူနေသည်။ ထိုသို့ဆိုလျှင် အဖြေမှာ အလွန်ရိုးရှင်းလှသည်။ သူမက ဖော်မြူလာအား ချိန်ညှိရန်ပင် မလိုအပ်တော့ပေ။ Baili Mingxiang မှာ ဖြေဆေးအား သောက်သုံးလိုက်သည်နှင့် အရာအားလုံးမှာ ဖြေရှင်းပြီးသွားတော့မည်။ Han Yunxi မှာ စိတ်သက်သာရာရသွားပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်ကာ ထိုမိန်းကလေး၏ ငြိမ်သက်နေသည့် ပုံစံအား ကြည့်လိုက်သည်။ ပြီးခဲ့သည့် ခြောက်လလုံး သူမ၏ နှလုံးသားအား လေးလံစေခဲ့သော အလေးချိန်မှာ နောက်ဆုံးတွင် ဖယ်ရှားနိုင်ပြီ။ ဒီလိုရလဒ်မျိုးက Baili Mingxiang အပေါ် ကောင်းကင်က သက်ညှာပေးတာ ဖြစ်နိုင်တယ်။

သူမက ချက်ချင်းပင် ဖြေဆေးအား ထုတ်ယူပြီး အပ်အား ထည့်ရန် ပြင်လိုက်မှ အရေးကြီးသော အရာတစ်ခုအား သတိပြုမိသွားတော့သည်။

ငါက မိန်းမလှသွေးကို မထုတ်ရသေးဘူး။

အမှန်ပင် သူမက စိတ်လှုပ်ရှားလွန်းနေပြီး အလွန်အရေးကြီးသော ကိစ္စအား မေ့လျော့နေသည်။ အစောတွင် သူမက အဆိပ်အား ကုသလိုက်လျှင် အားထုတ်ခဲ့သော အရာအားလုံးမှာ အချည်းအနှီးဖြစ်သွားနိုင်သည်။ Long Feiye ရဲ့ အကျင့်နဲ့ဆို သူက Baili Mingxiang ကို နောက်တစ်ကြိမ် မိန်းမလှသွေး ပျိုးထောင်ခိုင်းလိမ့်မလား။

သူမက တံခါးဖွင့်လိုက်ပြီး Long Feiye နှင့် စစ်သူကြီး Baili အား အထဲသို့ ခေါ်လိုက်ပြီး ရှင်းပြလိုက်သည်။ မိန်းမလှသွေးနှင့် Baili Mingxiang ၏ အသက်ပါ ထိန်းသိမ်းနိုင်သဖြင် အမျိုးသားနှစ်ယောက်လုံးမှာ အလွန်ကျေနပ်နေကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now