အခန်း(၅၂၃)

715 75 8
                                    

အခန်း(၅၂၃)

ဆေးဝါးမြို့တော်၏ မငြိမ်မသက်မှုအစ။






Xie Hongming  မှာ အမှန်တကယ် ပြောလိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး ဒီလူကလည်း တစ်ချို့ကောလဟာလတွေ ကြားဖူးပါတယ်။ အဲ့ဒီမူမျိုးနွယ်က မြောက်ပိုင်းလီ တော်ဝင်မျိုးနွယ်နဲ့ အဆက်အစပ်ရှိနေပါတယ်။"

Long Feiye  နှင့် Han Yunxi  မှာ ထိုတွင်တော့ အဓိပ္ပါယ်များဖြင့် အကြည့်ချင်း ဖလှယ်လိုက် ကြသည်။ ထိုစဥ် Wang Zhongyang ၏ နှုတ်ခမ်းများမှာ အေးစက်စွာ ပြုံးသွားသည်။ သူ၏ အမြင်အား မည်သူမှ တုံ့ပြန်လာသည်အား မတွေ့ရလျှင် Xie Hongming  မှာ ထပ်ပြောလိုက်သည်။ “ဒီလူက ပြီးခဲ့တဲ့ နှစ်နည်းနည်းလောက်က ရှာတွေခဲ့တာပါ။ မူမျိုးနွယ်က နှင်းတောကုန်းမြင့်မှာ အထွက်နှုန်းကောင်းတဲ့ ဆေးခင်းတွေ စိုက်ပျိုးနိုင်လို့ တိမ်တိုက်ကုန်းမြေကြီးတစ်ခုလုံးမှာ ဆေးဝါးတွေကို ဈေးချပြီး ရောင်းနိုင်တာပါ။ သူတို့က အဲ့ဒီမှာ အဆင့်နိမ့်ဆေးပင်တွေတင် မဟုတ်ပဲ အဆင့်မြင့်ဆေးပင်တွေပါ စိုက်ပျိုးပြီး ဈေးပေါပေါနဲ့ ရောင်းပေးနေပါတယ်။ လေးစားရတဲ့ဝမ်ဖေး ရှဲ့နဲ့ ဝမ်မျိုးနွယ်က ဘိုးဘေးပိုင် မြေယာတွေကိုပဲ လက်ဆင့်ကမ်းလာတာမလို့ အရန်အများကြီး မရှိပါဘူး။ တကယ်လို့ ဈေးကို ထပ်နှိမ့်လိုက်ရင် ကျွန်တော်တို့က နေထိုင်ဖို့ အဆင်မပြေတော့ပါဘူး။”

ထိုအချိန်မှသာ Wang Zhongyang မှာ စကားစလာသည်။ “လေးစားရတဲ့ဝမ်ဖေး တကယ်လို့ ဈေးထပ်နိမ့်ရမယ် ဆိုရင် ဝမ်နဲ့ ရှဲ့မျိုးနွယ်က မျိုးနွယ်ကို ပြန်မထောက်နိုင်တော့ပါဘူး။ အဆုံးကျတော့ ရောင်းဝယ်မှု မလုပ်နိုင်တော့ရင် အမြတ်ထက် အရှုံးက ပိုများပါတယ်။"

Han Yunxi မှာ စဉ်းစားရင်း ခေါင်းငြိမ့်လိုက်သည်။ “မူမျိုးနွယ်က မြောက်ပိုင်းလီနဲ့ ပူးပေါင်းထားတယ်။ ဟင်းဟင်း မထင်ထားစရာပဲ။”

Wang Zhongyang  မှာ စကားမဆိုတော့သော်လည်း Xie Hongming  မှာ လျင်မြန်စွာ ထပ်ပြောလာပြန်သည်။ “ဟုတ်ပါတယ်မလား။ ဒီလူက ပထမဆုံး ကြားရတုန်းကလည်း အံ့သြသွားမိပါတယ်။”

အမှန်တွင် Xie Hongming  မှာ ထိုကဲ့သို့ ကောလဟာလအား အနည်းငယ်ပင် မကြားဖူးချေ။ သို့ဖြစ်၍ Wang Zhongyang ၏ ထုတ်ဖော်မှုမှာ သူ့အား ထိတ်လန့်စေသည်။ သို့တိုင် ချင်ဝမ်ဖေး၏ ရှေ့တွင် သူက အစွမ်းကုန် ထုတ်သုံးရပေမည်။ အကယ်၍ သူက ဇာတ်လမ်းဆင်ရလျှင်တောင် အမှန်တရားဟု ထင်ရအောင် လုပ်ဆောင်ရမည်။ မဟုတ်လျှင် ချင်ဝမ်ဖေးမှာ ဈေးနိမ့်ရန် တွန်းအားပေးကာ သူက ရှဲ့မျိုးနွယ်တွင် ဆိုးရွားစွာ အဆုံးသတ်ရလိမ့်မည်။ ဖခင်ဖြစ်သူမှ မှောင်ခိုဈေးမှ အရောင်းအဝယ်ကြောင့် သူ့အား ပစ်ပယ်လုနီးပါး ဖြစ်နေချိန်တွင် ဤအပေးအယူမှာ အဆင်မပြေလျှင် သူက အိမ်ပြန်သွားစရာ မလိုအပ်တော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now