အခန်း(၅၈၄)
နင်ကွေ့ဖေးမှာ သားမရှိဘူး။
ကြိုတင်စီမံထားတဲ့ ကံတရား.......
ခြေလျင်တပ် တပ်မှူးမှာ ဆိုလိုရင်းအား နားမလည်နိုင်သော်လည်း တိုင်းပြည်၏ ကံတရားဆိုသော နေရာတွင် ချွေးအေးများ ထွက်လာတော့သည်။ သူက မည်သည့်စကားကိုမှ မကြားဟန်ပြုကာ Long Feiye နှင့် Han Yunxi အတုတို့၏ အလောင်းများအား သိမ်းဆည်းလိုက်သည်။
ချင်ဝမ်မှာ ဤကိစ္စတွင် ပါဝင်ပတ်သက်နေကြောင်း သူက မယုံကြည်သော်လည်း ဧကရာဇ် Kang Cheng မှ ကိုယ်တိုင်ကြည့်ရှုနိုင်ရန် သူက အလောင်းများအား အဖြူရောင်မြို့တော်သို့ ပို့ဆောင်ရဦးမည်။ ဧကရာဇ်မှ ယုံကြည်မည်လား မယုံကြည်မည်လား ဆိုသည်မှာ သူ၏ ဆုံးဖြတ်ချက်ပင်။
ဧကရာဇ် Kang Cheng မှာ မည်သို့ စဥ်းစားလိမ့်မည်နည်း။
ချူမျိုးနွယ်မှာ အလွဲသုံးစားမှုအတွက် အိမ်ရှေ့စံအား ခုတုံး လုပ်ခဲ့ပြီးနောက် သစ္စာဖောက်လာတော့မည်မှန်း သူက သိနေသည်။ ထိုသူများမှာ လျင်မြန်စွာ လှုပ်ရှားလာမည်ဟု သူက မထင်မှတ်ထားခြင်းသာ။ သူတို့က ဤသို့သော အချိန်တွင် မည်သည့်နေရာသို့ ဆုတ်ခွာမည်မှန်း သူက အဖြေမထုတ်နိုင်ပေ။ သူက အနောက်လျန်ရှိ ဧကရီချူ၏ လှုပ်ရှားမှုများအား မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ထိုနေရာဖြစ်ဟန်လည်း မတူပေ။ ယခုတွင် ချူမျိုးနွယ်မှာ ပုန်ကန်ရုံသာမက သူ၏ ချစ်ရသော ဧကရီအားပါ ပြန်ပေးဆွဲသွားသည်။ သူက ထိုသို့သော ကိစ္စအား မည်သို့ သည်းခံနိုင်မည်နည်း။
စိတ်တိုနေသည့် ဧကရာဇ် Kang Cheng မှာ ချူမျိုးနွယ်မှ ပြောစကားများအား ထပ်မံ ယုံကြည်နိုင်တော့မည် မဟုတ်ပေ။ သူက ချူမျိုးနွယ်၏ ဆုတ်ခွာသွားသော တပ်ဖွဲ့များအား ဖိနှိပ်ရန် သနားညှာတာမှု မရှိပဲ တပ်ဖွဲ့မျိုးစုံအား စေလွှတ်လိုက်သည်။ သူက ဗုဒ္ဓတစ်ထောင်ဂူမှ သတင်းအားလည်း စောင့်ဆိုင်းနေခဲ့သည်။ ချူမျိုးနွယ်၏ ပုန်ကန်မှုမှာ ထိုနေရာမှ စတင်ခဲ့သဖြင့် ၎င်းမှာ နှစ်တစ်ထောင်ဂင်းကိုပင်ဖြင့် ဆက်စပ်နေရမည်။ စာပို့သိမ်းငှက်မှာ နန်းတော်သို့ အဆက်မပြတ် ရောက်လာကာ ဧကရာဇ် Kang Cheng အား ဘုန်းတော်ကြီးကျောင်းမှ နောက်ဆုံးသတင်းအား ပေးပို့နေသည်။ ပထမဆုံးစာတွင် Chu Yunyi မှာ Long Feiye နှင့် ချင်ဝမ်ဖေးအတုအား ဖော်ထုတ်ခဲ့သော ကိစ္စအား ရှင်းပြထားပြီး အနက်ဝတ်မျက်နှာဖုံးစွပ်လူအား အရှင့်သားချင်ဝမ်ကဲ့သို့ ပြောဆိုနေခဲ့ကြောင်းပင်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficción histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...