အခန်း(၅၇၄)
တစ်ဘဝလုံးစာအတွက် ကတိ။
စစ်သူကြီးချူ၏ အဆက်မပြတ် တိုက်တွန်းသွေးထိုးနေမှုကြောင့် Chu Yunyi မှာ ပါးစပ်ဖွင့်လာသည်။ “ငါက ဒီကိစ္စကို သေချာစဥ်းစားပေးမယ်။”
“အစ်ကိုကြီး.. ဘယ်အချိန်ရောက်နေပြီလဲ။ မင်းက စဥ်းစားနေတုန်းပဲလား။ အခုက စိတ်ပျော့ရမယ့် အချိန် မဟုတ်ဘူး။ အရိပ်မျိုးနွယ်နဲ့ ဒီမျိုးနွယ်မှာ ဘယ်သူက ပိုအရေးပါလဲဆိုတာ မင်းက သိသင့်တယ်။”
အမှန်ပင်။ အရိပ်မျိုးနွယ်နှင့် ယို့မျိုးနွယ်မှာ တစ်ဖက်နှင့်တစ်ဖက် အသက်ပေးကာ ကာကွယ်ရန် သစ္စာဆိုထားစဥ် ဒီမျိုးနွယ်နှင့် ယို့မျိုးနွယ်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အဆက်အဆံမရှိခဲ့ပေ။ သို့တိုင် ဒီမျိုးနွယ်မှာ သူတို့နှင့် တစ်တန်းတည်းထားနိုင်သည်အထိ ပို၌ အင်အားတောင့်တင်းသည်။ Gu Beiyue တစ်ယောက်အတွက် ဒီမျိုးနွယ်တစ်ခုလုံးအား ဆုံးရှုံးရခြင်းမှာ အမှန်ပင် ထိုက်တန်မှု မရှိပေ။
Chu Yunyi မှာ ၎င်းအား အလွန်ကောင်းမွန်စွာ သိထားသော်လည်း ယခင်မှ ရင်းနှီးမှုအား ဆုတ်ကိုင်ထားဆဲဖြစ်သည်။ “တကယ်လို့ သူက နှစ်တစ်သောင်းသစ်သားအဆိပ်ကို ယူဖို့ ကူညီပေးနိုင်ရင် ငါတို့က ဒီကိစ္စကို လွှတ်ပေးလိုက်မယ်။ ကောင်းကောင်း ဆိုးဆိုး ငါတို့က ချင်ဝမ်ဘက်မှာ ကိစ္စတွေကို နှောင့်နှေးထားနိုင်သေးတယ်။ အဆုံးကျ ဒီအဘိုးကြီးက သူ့ဆီက သုံးလအချိန်ရသေးတယ်။”
“တကယ်လို့ သူက မလုပ်နိုင်ရင်။" စစ်သူကြီးချူမှာ ခေါင်းမာနေသည်။
Chu Yunyi မှာ တုံ့ဆိုင်းနေခြင်း မရှိပေ။ သူ၏ အသံမှာ အေးစက်နေကာ ပြောလိုက်သည်။ “တကယ်လို့ သူက ကျရှုံးခဲ့ရင် ယို့မျိုးနွယ်ကို နှလုံးသားမရှိဘူးလို့ အပြစ်မတင်သင့်ဘူး။"
နောက်ဆုံးတွင် စစ်သူကြီးချူမှာ ကျေနပ်သွားသည်။ “ကောင်းပြီ.. မနက်ဖြန် ငါက သူ့ကို့ ခေါ်လာဖို့ လူလွှတ်လိုက်မယ်။”
သူတို့က ချူမျိုးနွယ်သို့ ပြန်ရောက်သည့်နှင့် ဆေးမြို့တော်မှ သတင်းရခဲ့သည်။ နှစ်ယောက်မှာ သခင်မ Lianxin မှ အကူအညီပေးရန် လူအားလုံးထဲမှ ခေါင်းဆောင်အကြီးအမှူးLing အား ဖိတ်ကြားလာမည်ဟု မမျှော်လင့်ထားပေ။ Chu Yunyi မှာ သတင်းအတွက် ဝမ်းသာနေသည်။ "ကောင်းတယ်၊ ကောင်းတယ်။ ခေါင်းဆောင်အကြီးအမှူးLing ကိုယ်တိုင် လာလိမ့်မယ်။ ဘာအန္တရာယ်မှ မရှိနိုင်တော့ဘူး။"
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
