အခန်း(၄၉၈)

658 86 8
                                    

အခန်း(၄၉၈)

ဆင့်ခေါ်မှု ကိုယ်တိုင်ရောက်လာတယ်။





Chu Xifeng မှာ လေးစားရတဲ့ဝမ်ဖေးအား အတွန့်တတ် နိုင်သော်လည်း အရှင့်သားမှာ ထိုအမျိုးသမီးအား မည်သည့်အချိန်မှ လက်လျော့မည်မဟုတ်ကြောင်း ရှင်းလင်းစွာ သိနေသည်။ အသေအချာပင် အရှင့်သားမှ ထိုကဲ့သို့တစ်ချိန်လုံး ရေခဲ မျက်နှာဖြင့် သူ၏ လက်အောက်ငယ်သားများအား ကြောက်ရွံ့စေခြင်းကြောင့် နှစ်ယောက်အား မကြာခင် ပြန်လည်အဆင်ပြေစေရန် မျှော်လင့်နေသည်။ လေးစားရတဲ့ဝမ်ဖေး​မှ အိမ်တော်တွင် ရှိနေချိန်၌ လူတိုင်းမှာ ပို၍ စိတ်အေးလက်အေး နေနိုင်ကြသည်။ အရှင့်သားမှာ မည်မျှပင် ဒေါသထွက်နေပါစေ လေးစားရတဲ့ဝမ်ဖေးမှ စကားလုံးအနည်းငယ်ဖြင့် ကိစ္စအားလုံး ဖြေရှင်း ပေးနိုင်သည်။ ယခုတွင်တော့ သူကိုယ်တိုင်အပါအဝင် လူတိုင်းမှာ ဂရုတစိုက်နှင့် မဝံ့မရဲ ဖြစ်နေကြရသည်။

တကယ်လို့ သူက ဧကရာဇ် Tianhui ရဲ့ ဆင့်ခေါ်တာကို ဆင်ခြေလုပ်လိုက်ပြီး အရှင့်သားရဲ့ အမိန့်လို့  ပြောရင်တောင် သူမက ပြန်လာသင့်တယ် မဟုတ်လား။

Long Feiye မှ ပြန်မဖြေသေးသည်အား မြင်လျှင် Chu Xifeng မှာ နောက်တစ်ကြိမ် ကြိုးစားလိုက်သည်။ "အရှင့်သား… ဒီလက်အောက်ငယ်သားက သွားရမလား။"

ထိုအချိန်တွင် Baili Mingxiang မှာ စကားပြောရန် ဆုံးဖြတ်လိုက်သည်။ “အရှင်သား… မြောက်တံခါးကနေ နန်းတော်ထဲကို ဘာကြောင့် မဝင်တာလဲ။ ဒီလိုဆိုရင် လေးစားရတဲ့ဝမ်ဖေး ကို လမ်းမှာ ဝင်ခေါ်လို့ရပြီ။"

ချင်ဝမ်အိမ်တော်မှာ တောင်ဘက်နန်းတော်ဂိတ် အနီးတွင်တည်ရှိ၍ ဟန်အိမ်မှာ မြောက်ဘက်နှင့် ပို၍နီးလေသည်။ အကယ်၍ သူတို့က Han  Yunxi အား ဤနေရာသို့ သွားခေါ်လာပါက တောင်တံခါးများအား အသုံးပြုရမည် ဖြစ်ကာ လမ်းတွင် သူမအား ဝင်ခေါ်လိုက်လျှင် မြောက်တံခါးအား အသုံးပြုမည်။ အကွာအဝေးမှာ အတူတူပဲဖြစ်နေသဖြင့် Han  Yunxi မှ လာသည်ဖြစ်စေ  Long  Feiye  မှ သွားမလားဖြစ်စေ ၎င်းမှာ အရေးကြီးသော အချက်ဖြစ်သည်။ Baili Mingxiang မှာ ကိုယ်တိုင် အမျိုးသမီးတစ်ဦးဖြစ်သဖြင့် သူမက Chu Xifeng ထက်ပို၍ အမျိုးသမီးများအား နားလည်နိုင်သည်။ သူမ၏ နှလုံးသားမှာ အသေးစိတ် အချက်အလက်များအား ပို၍ဂရုစိုက်နိုင်သည်။ အရှင့်သားချင်ဝမ်နှင့် လေးစားရတဲ့ဝမ်ဖေးတို့မှာ ပဋိပက္ခကြီးကြီးမားမား ဖြစ်ပွားထားကာ အရှင့်သားမှ ကိုယ်တိုင် မခေါ်မချင်း ဝမ်ဖေးမှ ပြန်လာရန် မည်သည့်အချိန်မှ သဘောတူမည် မဟုတ်ကြောင်း သူမက အဖြေထုတ်နိုင်သည်။  မိဘအိမ်သို့ ပြန်သွားသော အမျိုးသမီးတိုင်းမှာ သူတို့၏ နှလုံးသားအား အပြည့်အ၀ လက်လျော့သွားသည်မှာ သေချာနေသည်။ မဟုတ်လျှင် သူတို့က ခင်ပွန်းမှ ပြန်ခေါ်လာရန် ရိုးရှင်းစွာ စောင့်နေခြင်းသာ ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now