အခန်း(၅၃၄)
ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲမှ ပြပွဲ။
Han Yunxi မှ ကျန်ရှိနေသော ပစ္စည်းများအား အာရုံစိုက်နေသည်အား မြင်လျှင် ခေါင်းဆောင်အကြီးအမှူးရှဲ့၏ အပြစ်ရှိသော နှလုံးသားမှာ ကြောက်ရွံ့လာသည်။ Xie Peng ၏ လှည့်စားမှုမှ လျှို့ဝှက်ချက်မှာ ထိုဆေးပစ္စည်းများတွင် ရှိနေသည်။ Han Yunxi က တစ်ခုခု ရှာတွေ့သွားတာလား။
သို့တိုင် သူက အပြင်ပန်းတွင် မည်သည်ပုံစံမှ မပြပဲ တည်ငြိမ် ရဲတင်းစွာ ပြောလိုက်သည်။ “သဘာဝပဲပေါ့။ ဘိုးဘေးကောင်စီက ရွေးပေးတာ။"
“ကောင်စီက ဘယ်သူလဲ။ သူတို့က ဘယ်လို ရွေးတာလဲ။” Han Yunxi မှာ ဖိအားပေးလိုက်သည်။
ထိုအခြေအနေတွင်တော့ စတုတ္တအကြီးအမှူးနှင့် သတ္တမအကြီးအမှူးမှ ထလာကြသည်။ သူတို့က ဝမ်မျိုးနွယ်မှ လူများ ဖြစ်ကြသည်။
“အဲ့ဒီပစ္စည်းတွေကို ခေါင်းဆောင်အကြီးအမှူးရှဲ့က ပေးတဲ့ စာရင်းကနေ ရွေးထားတာပါ။ ၅၃မျိုး ရှိပါတယ်။ ကျုပ်တို့ ခြောက်ယောက်က ရွေးချယ်မှုကို သဘောတူထားတာပါ။" စတုတ္ထအကြီးအမှူးမှ တုံ့ပြန်လိုက်သည်။
ဆေးဝါးမြို့တော်ဘိုးဘေးကောင်စီတွင် အဖွဲ့ဝင် ခုနစ်ယောက် ပါဝင်သည်။ Xie Deyi မှာ ခေါင်းဆောင်ဖြစ်ကာ ကျန်သော ခြောက်ယောက်မှာ ရှဲ့၊ဝမ်နှင့် မူမျိုးနွယ်တို့မှ ဖြစ်ကြသည်။ မျိုးနွယ်တစ်ခုစီမှ ကောင်စီတွင် နေရာနှစ်နေရာ ရနိုင်လေသည်။ သို့ဖြစ်၍ ရှဲ့မျိုးနွယ်မှာ မျိုးနွယ်သုံးစုတွင် အာဏာအရှိဆုံး ဖြစ်နေသည်။
“ပစ္စည်းစာရင်းက ဘယ်မှာလဲ။ ရှင်က လူသိရှင်ကြား ကြေငြာဝံ့လား။” Han Yunxi မှာ ထပ်မံမေးမြန်းလိုက်သည်။
Ouyang Ningnuo မှာ အရှုပ်အထွေးများအလယ်တွင် သူ၏ ဧည့်သည်ထိုင်ခုံသို့ ပြန်ရောက်လာသည်။ ယခုတွင် သူက ပြုံးကာ ပြောလိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး..ခေါင်းဆောင်အကြီးအမှူးရှဲ့က ပစ္စည်းစာရင်းကို ဝင်စွက်ဖက်တယ်လို့ ပြောချင်တာလား။ အဲ့တာက ဖြစ်နိုင်ပါ့မလား။"
စင်အောက်တွင် မှတ်ချက်အများအပြား ရှိနေသည်။ ထိုဆေးပစ္စည်းများမှာ ပြိုင်ပွဲဝင်များ၏ လက်တွင် အဆုံးမသတ်ခင် လူပေါင်းများစွာအား ဖြတ်ကျော်လာရသည်။ အကယ်၍ သူတို့က ဖြစ်စဥ်တွင် လှည့်စားချင်လျှင် ပါဝင်သမျှလူအားလုံးထံ လာဘ်ထိုးရလိမ့်မည်။ ၎င်းမှာ မဖြစ်နိုင်ချေ။ ဒါပေမယ့် ဘာလို့ ချင်ဝမ်ဖေးက အရမ်း ယုံကြည်ချက် ရှိနေတာလဲ!!! နောက်ကွယ်က အမှန်တရားက ဘာလဲ။ သူတို့က ပြိုင်ပွဲရလဒ်ထက် ၎င်းအား ပိုသိချင်နေကြသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
