အခန်း(၄၆၇)
နှလုံးသားသို့ ရည်ရွယ်နေသော တူညီသည့် လှုပ်ရှားမှု။
Han Yunxi ၏ အေးစက်သော အကြည့်များမှာ Gu Qi Sha အား အလျော့ပေးရန် ရည်ရွယ်ချက်မရှိပဲ အကဲခတ်နေသည်။ တုံ့ပြန်မှုအနေဖြင့် Gu Qi Sha ၏ မျက်လုံးများမှာလည်း အန္တရယ်များလှစွာ ကျဥ်းမြောင်းသွားတော့သည်။ နှစ်ယောက်၏ အကြည့်များကြားတွင် မီးပွားလေးများ ပျံသန်းနေသကဲ့သို့ပင်။
“ Han Yunxi.. ဒီအဘိုးကြီးက မင်းကို သက်သေ လက်ခံနိုင်တဲ့ ကျိုးကြောင်း ဆီလျော်တဲ့သူဆိုပြီး လေးစားထားခဲ့တာ။ မင်းက တခြားမိန်းမတွေနဲ့ ထူးမခြားနားပဲလို့ ငါက လုံးဝ မထင်ထားဘူး။ မင်း ငါ့ကို တကယ်ပဲ စိတ်ပျက်စေတယ်။” Gu Qi Sha မှာ အေးစက်စွာ ရှုတ်ချလိုက်သည်။
“သက်သေက အမှန်ဆိုတာ အထောက်အထားပြဖို့ နည်းလမ်းမရှိတာကို ကျွန်မက ဘယ်လိုလုပ် သက်သေအပေါ် မှီခိုနိုင်မှာလဲ။" Han Yunxi မှ ပြန်ပက်လိုက်သည်။
“ဆိုတော့…သက်သေပြဖို့ နည်းလမ်းမရှိဘူးဆိုတာ မင်းက သိသေးတယ်ပေါ့။” Gu Qi Sha မှာ လှောင်ပြောင်လိုက်သည်။
“သက်သေမရှိမှတော့ ပြိုင်ရအောင်။ တကယ်လို့ ရှင်နိုင်ရင် ကျွန်မကို ဖြေဆေးတစ်ပိုင်းပဲ အကြွေးတင်နေလိမ့်မယ်။ တကယ်လို့ ရှုံးရင် နှစ်ဆ ပြန်ပေးရမယ်။" Han Yunxi မှာ အပေါ်ယံတွင် အပူတပြင်းဖြစ်နေဟန်တူသော်လည်း အတွင်းတွင် အတော်လေး တည်ငြိမ်နေသည်။ Gu Qi Sha မှာဖြေဆေး နောက်ဆုံးအပိုင်းအား ယူထားသည်ဟု သူမက ယုံကြည်နေပြီး သူမက လျော်ကြေးနှင့် ပြန်ပေးချေမှုအား အရယူမည်။
တစ်ဖက်တွင် Gu Qi Sha မှာ နောက်ဆုံး ဖြေဆေးတစ်ပိုင်းမှ မည်သည့်နေရာသို့ ရောက်သွားကြောင်း အဖြေရှာနိုင်သရွေ့ သူမအား ပြန်လျော်ရန် စိတ်မကွက်ပေ။ Han Yunxi ၏ စကားများနှင့် ရင်ဆိုင်ရချိန်တွင် သူက နောက်တစ်ကြိမ် သွေးအန်လုနီးပါး ဖြစ်သွားပြန်သည်။ Gu Qi Sha မှာ Long Feiye အား အနိုင်မယူနိုင်မှန်း သိနေပြီး Han Yunxi မှာ ရုတ်တရက် တိုက်ခိုက်ရန် ပြောလာသည်။
“ Han Yunxi မင်း ယုတ်မာနေတာပဲ။” Gu Qi Sha မှာ သူမအား ကျိန်ဆဲလိုက်တော့သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficción histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
