အခန်း(၅၅၅)
ပြန်လည်တိုက်ခိုက်ခြင်း(၂)
အနက်ဝတ်အမျိုးသမီးမှာ Chu Xifeng အား ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ခြင်း မရှိသော်လည်း Tang Li ၏ လက်နက်များမှာ သူမအား ခေါင်းကိုက်စေသည်။ ၎င်းမှာ သူမက ထိရောက်စွာ ကာကွယ်ရန် မဖြစ်နိုင်ပဲ ထိုအကြောင်းအရင်းကြောင့်ပင် Chu Tianyin အား မကူညီနိုင် ဖြစ်နေသည်။
"ကျုပ်တို့က ခင်များလို အဘွားကြီးကိုပဲ အနိုင်ကျင့်တာ ဘာဖြစ်လဲ။" Tang Li မှာ ပါးစပ်ဖွင့်သည်နှင့် ပြေပြစ်မှုများ အားလုံး ပျောက်ကွယ်သွားတော့သည်။ ပြောရင်းဆိုရင်း Tang Li မှာ နောက်ထပ် ထူးဆန်းသော လက်နက်နှစ်မျိုးအား ပစ်လွှတ်လိုက်လေသည်။ အမျိုးသမီးမှာ တစ်ခုအား ရှောင်တိမ်းလိုက်နိုင်သော်လည်း အခြားတစ်ခုမှ ပုခုံးတွင် နစ်မြှပ်သွားလေသည်။ သို့တိုင် သူမက သတ္တိကောင်းစွာ မြှားများအား ဆက်လက်ပစ်လွှတ်နေပြီး တစ်ချောင်းစီတိုင်းမှာ Chu Tianyin ထံမှ ကဲ့သို့ပင် နှစ်ဆ အားပြင်းလှသည်။
Chu Xifeng နှင့် Tang Li မှာ ၎င်းတို့အားလုံးအား မတားဆီးနိုင်သဖြင့် လမ်းမှ ရှောင်တိမ်းလိုက်ရသည်။ ယခုအချိန်တွင် Long Feiye မှာ Chu Tianyin အား လုံးလုံးလျားလျား အသာစီးရထားသည်။ သူက ထိုအမျိုးသားအား ပိုင်းဖြတ်လုကာခါနီးတွင် အနက်ဝတ်အမျိုးသမီးမှာ ဘေးမှ မြှားဖြင့် ပစ်လိုက်သည်။ Long Feiye မှာ ရှောင်တိမ်းလိုက်သော်လည်း သူ၏ လက်များမှာ ရပ်တန့်မသွားပေ။ ၎င်းမှာ ဦးတည်ချက်သာ ပြောင်းသွားပြီး Chu Tianyin ၏ ဆံပင်များအား ထိမိသွားတော့သည်။
နောက်တစ်ကြိမ် Long Feiye မှာ Chu Tianyin အား ဓါးဖြင့် ထိုးလိုက်လျှင် ထိုသူမှာ အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။ အနက်ဝတ်အမျိုးသမီးမှာ ထပ်မံ မြှားပစ်လွှတ်ရန် ပြင်လိုက်စဥ် အမွှေးအမျှင်ထူထပ်သော ဆူးချုံနွယ်တစ်ခုမှာ မြေအောက်မှ တိုးထွက်လာကာ သူမ၏ လက်ကောက်ဝတ်အား ရစ်ပတ်လာပြီး လက်ထဲ မြှားများအား တားဆီးလိုက်တော့သည်။
"အဲ့တာဘာလဲ။"
"နွယ်ပင်...."
Chu Xifeng နှင့် Tang Li တို့မှာ အထိတ်တလန့်ဖြစ်သွားပြီး Han Yunxi မှာလည်း အလားတူပင်။ Gu Qishao မှာ နေရာတွင် စကားမဆိုပဲ ဆိုးသွမ်းစွာ ပြုံးကာ ရပ်နေလေသည်။ နောက်ဆုံးတွင် သူက သစ်စေ့အား စိုက်ပျိုးရန် သင့်တော်သော မြေသားအား ရှာတွေ့သွားသည်။ သူ၏ လျှို့ဝှက်စွမ်းရည်အချို့အား ထုတ်ပြရန် အချိန်ကျပြီ ဖြစ်သည်။
![](https://img.wattpad.com/cover/313293047-288-k148785.jpg)
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Narrativa Storica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...