အခန်း(၄၄၁)
စိတ်ကုန်နေပြီ။
Jun Yixie ၏ စွမ်းရည်ရှိသော ကယ်တယ်ရှင်အား Han Yunxi တစ်ယောက် သိချင်နေသော်လည်း Long Feiye မှာလည်း ထိုအကြောင်းအရာအား စဥ်းစားမိနေသည်။ Jun Yixie ၏ စွမ်းရည်သာမက Jun Yixie ၏ အစစ်အမှန် ဇစ်မြစ်အားလည်း သူက သိချင်နေသည်။ သူက အဆိပ်တစ်ရာဂိုဏ်းအား အကြိမ်များစွာ စစ်ဆေးစုံစမ်းခဲ့သော်လည်း အသုံးဝင်သည့် တစ်စုံတစ်ရာအား ရှာမတွေ့နိုင်ပဲ ထူးဆန်းသည့် အဖွဲ့အစည်းတစ်ခုသာ ဖြစ်နေသည်။ အရင်တစ်ကြိမ်တွင် Long Tianmo အပေါ်၌ Jun Yixie မှ ကုပညာအား အသုံးပြုခဲ့သဖြင့် ဆေးမြို့တော်မှ အဆိပ်တစ်ရာဂိုဏ်းအတွက် ဒုက္ခများရှာဖွေခဲ့ကာ တစ်နှစ်ကုန်သွားသော်လည်း သူတို့၏ အုတ်မြစ်အား ဖြိုနိုင်ရန် ကျရှုံးခဲ့သည်။
အဆိပ်တစ်ရာဂိုဏ်းမှာ အပြင်ဘက်ကမ္ဘာနှင့် ဆက်သွယ်ခဲသော အရိပ်ထဲမှ အင်အားစုတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ သူတို့အတွက် ဆေးမြို့တော်၏ တိုက်ခိုက်မှုမှာ အနည်းအကျဥ်းသာ သက်ရောက်မှုရှိခဲ့သည်။ နှိုင်းယှဥ်ရလျှင် Jun Yixie မှာ ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေဖြင့် ကံဆိုးမိုးမှောင်ကျသွားသူသာ ဖြစ်သည်။ အကယ်၍ အရင်တစ်ကြိမ် ထျန်းနင်ရှိ Jun Yixie ၏ သူလျှိုများအား မဖော်ထုတ်နိုင်ခဲ့လျှင် ထိုသူမှာ အဆိပ်တစ်ရာဂိုဏ်း၏ ခေါင်းဆောင်ဖြစ်မှန်း မည်သူမှ သိနိုင်မည်မဟုတ်ပေ။
“သူ့ရဲ့ဆရာက အဆိပ်တစ်ရာဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်နိုင်တယ်။ အဲ့ဒီပုဂ္ဂိုလ်ကကော အဆိပ်ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းများ ဖြစ်နေမလား။" Long Feiye မှာ သူ၏ ဝမ်ဖေးအား သံသယများဖြင့် မေးလိုက်သည်။
Han Yunxi မှာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ “ဝမ်ရယ်… ရှင်ဦးနှောက်က တွင်းကြီးထက်တောင် ကြီးနေဦးမယ်။”
“မင်းဘာပြောချင်တာလဲ။" Long Feiye မှာ သူမက ပြောချင်သည်အား နားမလည်နိုင်ပေ။
Han Yunxi ၏ အပြုံးမှာ ပို၍ တောက်ပလာသည်။ “ရှင်က အတွေးလွန်နေတယ်လို့ ကျွန်မပြောတာ။"
Long Feiye ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့သွားသည်။ “မင်းက စိတ်ကောင်းဝင်နေတယ်ထင်တယ်။”
![](https://img.wattpad.com/cover/313293047-288-k148785.jpg)
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...