အခန်း(၅၇၀)
စစ်ဆေးမေးမြန်းမှုမှသည် ဆွဲဆောင်မှု ဆီသို့။
Han Yunxi မှာ Long Feiye အား ကြည့်ကာ စကားမဆိုနိုင်ဖြစ်နေသည်။ တိုင်းပြည်တစ်ပြည်၏ အုပ်စိုးရှင်အား အမျိုးသမီးတစ်ယောက်ထံ တောင်းပန်စေရန်မှာ မဖြစ်နိုင်ပေ။ သို့တိုင် သူမ၏ မျက်လုံးများရှေ့တွင် ဖြစ်လာတော့မည်။
ဧကရာဇ် Kang Cheng မှာ သူတို့အား ဤသို့ ထွက်သွားခွင့် ပြုမည် မဟုတ်ပေ။ သူက Duanmu Baiye အား ကိုယ်တိုင် တောင်းပန်ရန် စေလွှတ်ရအောင် ရူးမိုက်နေသူလည်း မဟုတ်ပေ။ သို့ဖြင့် ကျန်ရှိသော ရွေးချယ်မှုတစ်ခုမှာ ဧကရာဇ်ကိုယ်တိုင် သူတို့အား တွေ့ဆုံရန် ဖြစ်သည်။ သူတို့အား တားဆီးရန် တစ်ခုတည်းသော နည်းလမ်းမှာ တောင်းပန်ရန် ဖြစ်သည်။ မဟုတ်ရင် သူတို့က ဘာလို့ နေရမှာလဲ။
ငါက ပျော်လား။
Han Yunxi မှာ ပျော်ရွှင်နေသည်။ Long Feiye မှာ Duanmu Yao အား ကြင်နာမှု ပြသရန်အတွက် မဟုတ်ပဲ Duanmu Baiye အား လှည့်စားရန် စီမံထားသည်အား နားလည်သွားသည်နှင့် ဝမ်းနည်းနေခြင်း ရပ်တန့်လိုက်သည်။ သူမ၏ နှလုံးသားမှာ ထိုမျှလောက် မပျော့ညံပေ။ Duanmu Baiye အား သင်ခန်းစာပေးကာ ချူမျိုးနွယ်၏ အထောက်အပံ့အား ဖျက်ဆီးနိုင်လျှင် ထိုစကားအား သည်းခံရသည်မှာ ထိုက်တန်မှု ရှိနေသည်။ အသေအချာပင် ဧကရာဇ်Kang Cheng မှ သူတို့အား မမှီလာခင် သူမက Duanmu Yao ဖြင့် ပတ်သက်၍ အချို့ကိစ္စများအား စုံစမ်းရမည်။ သူမက သူတို့အား အတိတ်တွင် မသိခဲ့ရသော်လည်း သူမနှလုံးသားထဲရှိ မတင်မကျ ဖြစ်နေမှုအား ရှင်းလင်းရမည်။
သူမက ဤသို့သော ကိစ္စများတွင် အတော်လေး ဇီဇာကြောင်နိုင်ကြောင်း ဝန်ခံနိုင်သည်။ သူမက အသေးစိတ်အချက်တိုင်းအား စစ်ဆေးရမည်။
“Long Feiye.. ရှင်... ခုနစ် .. ရှစ်နှစ်တုန်းက အဖြူရောင်မြို့တော်ကို လာခဲ့တယ်ပေါ့။" Han Yunxi မှာ သွယ်ဝိုက်ကာ ချဥ်းကပ်လိုက်သည်။ သို့တိုင် Long Feiye မှာ သူမ၏ ရှာလကာရည် စိမ်ထားသော မုန့်များအား စားခဲ့ရပြီးနောက် သူမက အတိအကျ မည်သို့ ဦးတည်နေကြောင်း သင်ခန်းစာအား သင်ယူခဲ့ပြီး ဖြစ်သည်။

YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Tiểu thuyết Lịch sử**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...