အခန်း(၄၀၂)
သူတို့က တကယ်ပဲ ရှာတွေ့သွားပြီ။
Baili Mingxiang ၏ တွေ့ရှိမှုအတွက် လူတိုင်းမှာ အံ့အားသင့်နေစဥ် တံငါသည် အဘိုးကြီးYu မှာ စတင်ကာ အော်ဟစ်လိုက်သည်။
"ငါက ရှာတွေ့ပြီ... ဟားဟားဟား.... ငါက အဲ့တာကို ရှာတွေ့ပြီ။"
"နှစ်တွေ ကြာသွားပေမယ့် နောက်ဆုံးတော့ ငါက အဲ့တာကို ခြေရာခံမိပြီ။"
Ouyang Ningruo နှင့် Jun Yixie တို့မှာ အလျင်စလို သူ၏ ဘေးသို့ သွားလိုက်ကြပြီး အခြား တံငါသည်များမှာလည်း ကြည့်ရှုရန် ရပ်တန့်လိုက်ကြသည်။ အဘိုးကြီး Yu က ဘာမှားနေတာလဲ။
"သူကလည်း ငါးမျက်လုံးအလတ်ကို ရှာတွေ့သွားတာများ ဖြစ်နိုင်မလား။" Han Yunxi မှာ သံသယများဖြင့် မေးလိုက်သည်။
"မဖြစ်နိုင်ပါဘူး။" Baili Mingxiang မှာ ဖြစ်နိုင်ချေအား ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ "လေးစားရတဲ့ဝမ်ဖေး ငါးမျက်လုံး အလယ်အလတ် ဒုတိယတစ်ခုက ပထမတစ်ခုနဲ့ အရမ်းနီးနီးလေး မရှိလာနိုင်ပါဘူး။"
အဘိုးကြီး Yu မှာ မီတာ၂၀၀ အကွာမှ အော်နေဆဲဖြစ်ကာ ပျော်ရွှင်စွာဖြင့် ခြေလက်များ ဝှေ့ယမ်းနေသည်။
"မင်းက သေချာလို့လား။" Long Feiye မှ မေးမြန်းလိုက်သည်။
Baili Mingxiang မှာ သူ၏ အေးစက်ကာ လေးနက်သောမျက်လုံးများအား နှလုံးသားမှ တုန်လှုပ်နေသည့်တိုင် ပြတ်သားစွာဖြင့် တွေ့ဆုံလိုက်သည်။ "အရှင့်သား စိတ်မပူပါနဲ့.. အဲ့တာက အလယ်အလတ် ငါးမျက်လုံးမဟုတ်ဘူးဆိုတာ Mingxiang က သေချာပါတယ်။" အရှင့်သား ကျွန်မက ရှင့်ရဲ့ရှေ့မှာ ရပ်ပြီး စကားပြောနိုင်ဖို့ အခွင့်အရေးအတွက် နှစ်တွေ အများကြီး ကြာခဲ့တယ်။ ကျွန်မ Baili Mingxiang က ဒီလိုအချိန်မှာ ဘယ်လိုလုပ် ပေါ့ဆတဲ့ မှတ်ချက်ပေးနိုင်မှာလဲ။
"အရှင့်သား တခြားဘက်က ကြုံရာပြောနေတာ ဖြစ်နိုင်ပါတယ်။ မြန်မြန် အရင် ပိုက်ချရအောင်ပါ။" စစ်သူကြီး Baili မှာ တိုက်တွန်းလိုက်သည်။ Long Feiye မှာ ခေါင်းငြိမ့်လိုက်သော်လည်း သူ၏ အကြည့်များမှာ အဘိုးကြီး Yu ထံမှ ရွေ့သွားခြင်း မရှိပေ။ Han Yunxi မှာလည်း တူညီသော ဦးတည်ဘက်အား ကြည့်နေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
