အခန်း(၄၂၀)

1.4K 131 20
                                        

အခန်း(၄၂၀)

ကျွန်တော့်ရဲ့ သစ္စာရှိ နှလုံးသားတစ်စုံကို ပေးပါမယ်။








သူတို့က နှလုံးသားသစ္စာဖြင့် ဆေးမိစ္ဆာတောင်ကြားမှ ငါးရက်အတွင်း ပြန်လာရမည်ဟု Gu Beiyue မှာ ပြောခဲ့သည်။ မဟုတ်လျှင် Baili Mingxiang မှာ အသေအချာပင် သေဆုံးသွားနိုင်သည်။ Han Yunxi မှာ အကယ်၍ လိုအပ်လာလျှင် ပစ္စည်းအား ရှာဖွေရန် သောင်းကျန်းမည်ဟုဆိုကာ ချက်ချင်း ထွက်လာခဲ့သည်။

သို့ဖြင့် Long Feiye မှာ Han Yunxi အား တော်ဝင်သမားတော်ခြံဝန်းမှ တောင်ကြားသို့ တိုက်ရိုက် ခေါ်သွားရတော့သည်။ လမ်းတစ်လျှောက်တွင် သူတို့က မြင်းနှစ်ကောင်နှင့် သူ၏ တစ်ရက်စာ အတွင်းအားကုန်ဆုံးပြီးနောက် ဆေးမိစ္ဆာတောင်ကြားသို့ နှစ်ရက်မြောက်နေ့ညတွင် ရောက်သွားလေသည်။ ထိုနေရာသို့ ရောက်ရန် မြန်နိုင်သမျှအမြန်ဆုံး နှစ်ရက်နှင့်နေ့တစ်ဝက်ကြာမြင့်ခဲ့သဖြင့် အပြန်မှာ အမြင့်ဆုံးအရှိန်မှာ ထိုမျှသာ ဖြစ်လိမ့်မည်။ တစ်နည်းဆိုရလျှင် သူတို့က ငါးရက်အမှီပြန်သွားလိုလျှင် တောင်ကြား၌ အများဆုံးအနေဖြင့် လေးနာရီသာ အချိန်ရှိနိုင်သည်။

Han Yunxi မှာ ဆေးမိစ္ဆာတောင်ကြားသို့ နှစ်ကြိမ်သာရောက်လာခဲ့ပြီး နှစ်ကြိမ်လုံးမှာ ဆေးတောင်းဆိုရန် ဖြစ်သည်။ နောက်ဆုံးတစ်ကြိမ်မှာ သူမက ပုလိပ်ရောဂါကုသရန်အတွက် ဆေးပစ္စည်းများတောင်းဆိုခဲ့ပြီး Gu Qi Sha ၏ နေရာတွင် ဘဏ္ဍာထိန်းအိုကြီးသာ တွေ့ခဲ့ရသည်။ တောင်ကြားမှာ ယခင်အတိုင်း တူညီစွာ လူများစွာမှ ဆေးတောင်းဆိုရင်း ခြံဝန်းမှာ ပြည့်နှက်နေသည်။ ကံမကောင်းစွာဖြင့် ဂိတ်တံခါးများအား ပိတ်ထားလေသည်။ Han Yunxi မှာ စုဝေးနေသည့် လူများ ---- အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအား ကြည့်ရင်း မနေနိုင်ပဲ Gu Qi Sha အား လူယုတ်မာဟု ကျိန်ဆဲမိသည်။ သူက ဆေးပညာစံနှုန်းနဲ့ဆို တကယ့်ကို အမှိုက်ပဲ။ အဆိုးရွားဆုံးပဲ။

အမြတ်ရရန် ရည်ရွယ်ချက်ဖြင့် ဆေးဝါးများအား ဈေးတင်ရောင်းသော မရိုးဖြောင့်သည့် ကုန်သည်များသည်ပင် Gu Qi Sha ထက် ကြင်နာတတ်ဦးမည်။ အနည်းဆုံးအနေဖြင့် သူတို့က လိုအပ်သော ဆေးဝါးအား ဝယ်ယူနိုင်ဦးမည်။ သို့သော် Gu Qi Sha ၏ ဆေးဝါးနှင့် ဆေးပစ္စည်းများမှာ သူ၏ စိတ်အခြေအနေပေါ်တွင် မူတည်လေသည်။ အကယ်၍ သူက ပေးရန် ဆန္ဒမရှိလျှင် ပိုက်ဆံဖြင့်ပင် သူ့အား မလှုပ်ရှားနိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now