အခန်း(၄၆၈)

1.2K 123 23
                                        

အခန်း(၄၆၈)

တကယ်လို့ မင်းက ငါ့ကို လိုချင်ရင် ယူနိုင်တယ်။





ဆေးမိစ္ဆာတောင်ကြားမှ မည်မျှအပင်မှ နေ့စဥ်သုံး သာမာန်အပင်များ မဟုတ်ပေ။  ကြုံရာကျပန်း ခူးဆွတ်လိုက်သော အပင်မှာပင် တန်ဖိုးရှိသော အမျိုးအနွယ် ဖြစ်သည်။ ထို့အပြင် ဆေးမိစ္ဆာအရှင်မှာ ဤတောင်ကြားအား စံ ရာသီဥတုနှင့် မြေ အနေအထားများကြောင့် အထူးတလည် ရွေးချယ်ထားခြင်း ဖြစ်သည်။ ဤမြေနေရာ၏ တန်ဖိုးပင် ဆေးဝါးအနည်းငယ်ထက် များစွာ တန်ဖိုးရှိသည်။ ၎င်း၏ တန်ဖိုးအား ဆေးမိစ္ဆာကိုယ်တိုင်မှ လွဲ၍ မည်သူမှ မရှင်းလင်းနိုင်ပေ။

Long Feiye ပင် Han Yunxi ၏ တောင်းဆိုမှုကြောင့် မှင်သက်သွားလျှင် ဘဏ္ဍာထိန်းအိုကြီးမှာဆိုလျှင် ပြောဖွယ်မရှိတော့ပေ။ ထိုအမျိုးသမီးမှာ ဆေးမိစ္ဆာတောင်ကြားအား လှုပ်ရှားရန် အချိန်အတော်ကြာတည်းက စိတ်ကူးနေကြောင်း သူက သိနေသည်။ သူမက အခွင့်အရေးအား မည်သည့်အချိန်မှ လွှတ်ပေးမည်မဟုတ်သော်လည်း လျင်မြန်စွာ လှုပ်ရှားလာမည်ဟု သူက မထင်မှတ်ထားပေ။ ထို့အပြင် အလွန်ကြမ်းတမ်းစွာ!!!! သူမက တစ်ချီတည်း ဆေးမိစ္ဆာတောင်ကြားအား ဝါးမြိုလိုနေသည်။

Long Feiye မှာ ဝန်မခံလိုသော်လည်း သူ၏ အမျိုးသမီးမှာ အကြွေးယူရန် မဟုတ်ပဲ ပိုင်ရှင်ထံမှ ဗြောင်ကျစွာ ဓါးပြတိုက်ရန် ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သက်ညှာမှု မရှိပဲ ရက်စက်တယ်။ သူက သဘောကျတယ်!!!

Gu Qi Sha  မှာ  Han Yunxi  အား သံသယများဖြင့် ကြည့်လိုက်သည်။ “မင်း.. မင်းဘာပြောလိုက်တယ်။”

“ဒီဝမ်ဖေးက ရှင့်ရဲ့ ဆေးမိစ္ဆာတောင်ကြားတစ်ခုလုံး လိုချင်တယ်။ မဟုတ်ရင် ဒါကို အဆုံးသတ်ပေးမှာ မဟုတ်ဘူး။”

ကောင်းပြီ။ သူမက ဤနေရာသို့ လုယက်ရန် ရောက်လာကြောင်း Han Yunxi မှာ ဝန်ခံနိုင်သည်။ သူမက ဆေးမိစ္ဆာတောင်ကြားအား ကြာမြင့်စွာကပင် သိမ်းယူလိုချင်နေခဲ့သော်လည်း သင့်တော်သော ဆင်ခြေနှင့် အခွင့်အရေးမရှိ ဖြစ်နေသည်။ ယခုတွင် သူမက ပွင့်လင်းစွာ သိမ်းယူနိုင်တော့မည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now