အခန်း(၄၆၀)

1.3K 153 24
                                        

အခန်း(၄၆၀)

ကိုယ်က ဝိုင်နီရောင်ကို ပိုသဘောကျတယ်။






Zhao မားမား​မှ ထွက်သွားသည်နှင့်  Baili Mingxiang မှာ ခုန်ပေါက်နေသည့် နှလုံးသားဖြင့် အပေါ်ထပ်သို့ ပြန်တက်သွားသည်။ ထို့အပြင် သူမက လှေကားမှ လျင်မြန်စွာ တက်သွားသဖြင့် အသက်ရှူမြန်နေသည်။ သူမက အခန်းတွင်းသို့ ဝင်မသွားခင် တည်ငြိမ်စေရန် အတော်လေး  အချိန်ယူလိုက်ရသည်။ သူမက လေးစားရတဲ့ဝမ်ဖေးမှ ရုတ်တရက် နိုးလာလျှင် တုံ့ပြန်ရန် နည်းလမ်းများရှိနေသဖြင့် စိတ်မပူပေ။ ယခုအချိန်တွင် သူမက အရှင့်သားချင်ဝမ်ဖြင့် မျက်နှာချင်းဆိုင်ရမည်အား ပို၍ စိတ်လှုပ်ရှားနေသည်။

Baili Mingxiang မှာ တံခါးဘေးတွင် ရပ်နေကာ သူမ၏ ရင်ဘတ်မှာလည်း စိုးရိမ်ထိတ်လန့်နေခြင်းကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမ၏ ဘဝတွင် မည်သည့်အချိန်ကမှ အလွန်အပြစ်ရှိသည်ဟု မခံစားရဖူးပဲ ချင်ဝမ်၏ ရှေ့တွင် အပြုအမူအား မထိန်းသိမ်းနိုင်မည်အား စိုးရိမ်နေသည်။

ကောင်းပြီ… သူမက သူ၏ ရှေ့တွင် တစ်ချိန်လုံး ဟန်ဆောင်နေခဲ့သည်အား မေ့လျော့နေခဲ့သည်။ သူမက သူ့အား အမှန်တကယ် သဘောကျသော်လည်း လေးစားမှုနှင့် ရိုသေမှုထက် ကျော်လွန်သောအရာများအား လျစ်လျူရှုထားခဲ့သည်။ မကြာခင် Long Feiye မှ ရောက်လာသည်။ Han Yunxi မှ အိပ်နေသဖြင့် သူက ညင်သာစွာ လှေကားမှ တက်လာခဲ့ပြီး မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ။”

“လေးစားရတဲ့ဝမ်ဖေးရဲ့ ကျောမှာ အတော်လေး ပြင်းထန်တဲ့ အပူလောင်ရာ ရှိနေပါတယ်။ ဒီ​အစေခံက အမာရွတ်ကျန်သွားမှာ စိုးရိမ်တာမလို့ သတိမထားပဲ ဆေးမထည့်ဝံ့ပါဘူး။ ဒါပေမယ့် အခု လေးစားရတဲ့ဝမ်ဖေးက အိပ်ပျော်နေတာမလို့ သူမကို နိုးလို့မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်မက အရှင့်သားရဲ့ လက်ထဲပဲ အပ်နိုင်ပါတယ်။”

Long Feiye မှာ စကားမဆိုပဲ အခန်းတွင်းသို့ ဝင်သွားလျှင် Baili Mingxiang မှာ စိတ်သက်သာရာသွားပြီး နောက်မှ အထဲသို့ လိုက်ဝင်သွားသည်။ အိပ်ရာပေါ်တွင်  Han Yunxi မှာ ယခင်ကကဲ့သို့ပင် အတွင်းခံ(dudou) မှ လွဲ၍ မည်သည့်အရာမှ ဝတ်ဆင်ထားခြင်း မရှိပဲ သူမ၏ အသားအရည်မှာ ပေါ်လွင်နေသည်။ အနက်ရောင်ပိုးစောင်မှာ သူမအား ခါးအထိသာ ဖုံးကွယ်ထားပြီး အိပ်ရာ၏ ပျော့ပြောင်းသော အခင်းများနှင့် အဖုံးအကွယ်များကြားမှာ သွယ်လျသော အဖြူရောင် အလှတရားအား ဖန်ဆင်းထားသည်။ အိပ်ရာကန့်လန့်ကာ၏ နောက်မှ သူမ၏ ပုံရိပ်မှာ မသဲကွဲပဲ ဝေဝါးနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now