အခန်း(၄၈၆)
ကောင်မလေး။ မင်းခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်လိုက်။
လမ်းကြား၏ အဆုံးမှာ အမှန်တကယ်တွင် သက်ဝင်ကာ ပျားပန်းခတ်လှုပ်ရှားနေသော မီးပုံးနီရပ်ကွက် သို့မဟုတ် ပွင့်လင်းစွာ ပြောရလျှင် မြို့တော်၏ ဆောင်ကြာမြိုင်ပင်။ Gu Qi Sha ၏ လေးနက်နေသည့် မျက်လုံးများမှာ ရုတ်တရက် ပျော်ရွှင်မှုများဖြင့် ကောင်းကင်မှ ကြယ်များကဲ့သို့ တောက်ပလာသည်။ သူ၏ မျက်လုံးများမှာ ပြုံးနေဟန်တူသည်။ ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် Han Yunxi မှ ၎င်းတို့အား မမြင်နိုင်ခဲ့ပေ။
“ကောင်မလေး.. ငါတို့ကို လွတ်ပြီ။"
သို့တိုင် သူက စကားအား ခက်ခဲစွာ ပြောလိုက်ပြီးနောက် ကျောပြင်သို့ ကြောက်မက်ဖွယ်အင်အားဖြင့် မြှားတစ်စင်းမှာ ထိုးစိုက်သွားတော့သည်။
“အာ့….” Gu Qi Sha မှာ ညည်းညူလိုက်ပြီး သွေးအန်လာတော့သည်။ ၎င်းမှာ ဝတ်ရုံတွင် ပေသွားပြီး အဝတ်မှတစ်ဆင့် Han Yunxi ၏ မျက်နှာသို့ စီးကျလာသည်။
“Gu Qi Sha..” Han Yunxi မှာ အလန့်တကြားအော်လိုက်သည်။ သူမ၏ ခုန်ပေါက်နေသော နှလုံးသားမှာ နွေးထွေးစေးကပ်သော ခံစားမှုကြောင့် ရပ်တန့်လုနီးပါး ဖြစ်သွားတော့သည်။
“အဆိပ်ကောင်မလေး.. မကြောက်နဲ့။"
သူ၏ အသံမှာ ညင်သာလာကာ ကြောက်စရာကောင်းသော ထူးဆန်းသည့် အငွေ့အသက် များစွာ လျော့နည်းနေသည်။ ပုံမှန်အတိုင်း သုန်မှုန်ကာ ထိတ်လန့်ဖွယ်ဖြစ်နေမည့်အစား နွေးထွေးကာ ရယ်မောရိပ်များ ပါဝင်နေသည်။
ရင်းနှီးလွန်းတယ်။ Han Yunxi မှာ အံ့အားသင့်နေပြီး အန္တရယ်များနေသည့် အခြေအနေအား မေ့ကာ သူ၏ ရင်ခွင်ထဲတွင် တောင့်တင်းနေသည်။ သူတို့၏ နောက်မှ မြှားများစွာမှာ ပျံသန်းလာသော်လည်း Gu Qi Sha မှာ အနည်းငယ်ပင် တုံ့ဆိုင်းနေခြင်း မရှိပဲ Han Yunxi အား လမ်းကြားမှ ခေါ်ထုတ်သွားသည်။ သူတို့၏ ရုတ်တရက် ပေါ်လာမှုမှာ လမ်းပေါ်ရှိ လူအတော်များများအား အနှောက်အယှက် ဖြစ်သွားစေသည်။
“လူသတ်သမား… လူသတ်သမား ပါလာတယ်။" Gu Qi Sha မှာ ပြေးလွှားရင်း အော်လိုက်သည်။ မြို့တော်၏ ဤအစိတ်အပိုင်းမှာ မြို့လယ်နှင့် အတော်လေး ကွာဝေးကာ မြို့တံခါးများနှင့် ပို၍ နီးနေသော်လည်း အရှုပ်အထွေးဖြစ်လာလျှင် တူညီစွာဖြင့် အစောင့်အကြပ်များအား ဆွဲဆောင်နိုင်လိမ့်မည်။ ထင်မှတ်ထားသည့်အတိုင်းပင် လေးသမားတစ်ယောက်တစ်လေမှ လူထုရှေ့သို့ လိုက်မလာဝံ့သော်လည်း အနက်ဝတ်လုပ်ကြံသူမှာ လိုက်လာခြင်းအား လက်မလျော့သေးပေ။ သူက ခေါင်းမိုးပေါ်မှ လိုက်လာရင်း မြှားများ ပစ်ခတ်နေသည်။ Gu Qi Sha ၏ ကျောတွင်ထိမှန်ခဲ့သော မြှားတံမှာ ထိုအမျိုးသားထံမှ ပစ်လိုက်ခြင်း ဖြစ်သည်။ သူက Han Yunxi အား ရွယ်လိုက်ခြင်း မဟုတ်ပဲ ဆေးမိစ္ဆာပင်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
