အခန်း(၄၈၇)
မင်းက ဖောက်ပြားသူတွေကို လက်ရ ဖမ်းချင်လို့လား။
Han Yunxi မှာ သူမ နှလုံးသားထဲရှိ နာကျင်မှုမှာ အခုအချိန်တွင် ဖော်မပြနိုင်သည့် ဝေဒနာကဲ့သို့ ဆိုရလိမ့်မည်။ သူမ၏ နှစ်ဘဝလုံးတွင် လူနာများအား ကုသသင့်သည့်ထက် ကျော်လွန်စွာကုသခဲ့ပြီး စုစုပေါင်း သောင်းနှင့်ချီသော ဒဏ်ရာများအား တွေ့မြင်ခဲ့ရသည်။ လက်ရှိ Gu Qishao ထက်တောင် ပို၍ ဒုက္ခရောက်နေသူများစွာ ရှိနေခဲ့သည်။ သူမက အဆိပ် အထူးပြု ဆရာဝန်တစ်ဦးဖြစ်သော်လည်း ဒေါသကို ကောင်းစွာမထိန်းနိုင်သူ မဟုတ်ပေ။ သူမ၏ လူနာများမှ နာကျင်ခြင်း သို့မဟုတ် ကြောက်ရွံ့မှုဖြင့် အော်ဟစ်သည့်အခါတိုင်း သူတို့အား စကားအနည်းငယ် ရွေးချယ်ကာ ဆူပူတတ်သည်။
ဒါပေါ့ …ဒဏ်ရာတွေက နာကျင်တာပေါ့! ဒါပေမယ့် အော်ငေါက်တာက ဘာမှ အကူအညီဖြစ်ဘူး။ ကျွန်မက ရှင့်ကို မကုသပေးရင် ရှင်က ဘယ်တော့မှ သက်သာလာမှာ မဟုတ်ဘူး။
ယခုတွင် သူမက Gu Qishao ၏ကျောပြင်အတွက် နာကျင်နေရသည်။ သူက ငါ့ကြောင့် ဒီလိုဖြစ်ရတာ။
အကယ်၍ သူမက အလွန်အသုံးမကျနေခြင်း မရှိပဲ ကိုယ်ခံပညာအချို့အား သိထားလျှင် သို့မဟုတ် ပိုကောင်းသည့် အဆိပ်ပညာ ရှိမည်ဆိုလျှင်၊ သူက ဤမျှလောက် ထိခိုက်ရမည်မဟုတ်ပေ။ သူမ၏ နှလုံးသားမှာ နာကျင်မှုအောက်တွင် နောင်တနှင့် မိမိကိုယ်ကို ကဲ့ရဲ့ရှုတ်ချခြင်းများ ရောနှောနေတော့သည်။ Gu Qishao မှာ သူ့အတွက် သူမက ငိုကြွေးပေးသည်အား မြင်ရလျှင် အလွန်ပျော်နေပြီး ပြောလိုက်သည်။ "အဆိပ်ကောင်မလေး၊ မင်းငိုချင်ရင် ငိုနိုင်တယ်"
သူ့အတွက် သူမက ငိုပေးတာကို သူက သဘောကျတယ်။ သူ့တစ်ယောက်တည်းအတွက်သာ သူမက ငိုပေးမယ်ဆိုရင် သူ ပိုတောင်ပျော်နေလိမ့်မယ်။
သူက ဒီလိုနာကျင်နေပေမယ့် အရှက်မရှိသေးဘူးလား!! Han Yunxi မှာ သူ၏ဒဏ်ရာများအား အာရုံပြန်မစိုက်မှီ သူ့အား စိုက်ကြည့်လိုက်သည်။ Gu Qishao ၏ နောက်ကျောတွင် အပေါက်များစွာဖြင့် ရိုးရှင်းစွာ တည်ရှိနေသည်။ ၎င်းတို့အားလုံးမှာ အနည်းဆုံး လက်သည်းခွံကဲ့သို့ ကျယ်ပြီး သူ၏ အရေပြားမှ အသား နှင့် သွေးများမှာ ကွဲအက်သွားကာ ပေပွနေသည်။ သူတို့က ရင်ဆိုင်ခဲ့ရသည့် မြှားအမျိုးအစားအား ကောင်းကင်ဘုံကသာ သိနိုင်လိမ့်မည်။အကြောင်းမှာ ၎င်းတို့သည် ဓားအား ဓါးအိမ်မှ ဆွဲထုတ်လိုက်သကဲ့သို့ သားကောင်၏ ဒဏ်ရာအား လှီးဖြတ်သွားသည်။ ယင်းက မူလဒဏ်ရာလမ်းကြောင်းအား ပိုမိုဆိုးရွားစေပြီး ပစ်မှတ်၏သွေးဆုံးရှုံးမှုအား တိုးလာစေသည်။ Han Yunxi မှာ Gu Qishao ၏ သွေးတိတ်ဆေးများ အာနိသင်ကုန်သွားသည်နှင့် မရပ်မနား သွေးထွက်လာမည်အား စိုးရိမ်နေရသည်။ထိုအမျိုးသားမှာ သန်မာဟန် ထင်ရသော်လည်း သူ့မျက်နှာမှာ ပြာပုံတမျှ ဖြူဖျော့နေလေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Fiction Historique**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
