အခန်း(၅၉၇)

1.7K 116 10
                                        

အခန်း(၅၉၇)

စစ်ပွဲစတင်ခြင်း။ ကမောက်ကမ ဖြစ်လာသော တိမ်တိုက်ကုန်းမြေကြီး





Han Yunxi မှာ နောက်မှ လိုက်သွားပြီးနောက် Long Feiye နှင့် ဘေးချင်းယှဉ်ကာ လမ်းလျှောက်သွားလိုက်သည်။ သို့တိုင် သူက တိတ်ဆိတ်နေဆဲပင်။ သူတို့က ပန်းဥယျာဥ်တို့ ရောက်လာချိန်တွင် သူမက မေးမြန်းလိုက်သည်။ "ဘာမှားလို့လဲ။"

"ကိုယ်က ကိစ္စတစ်ခုကို စဥ်းစားနေတာ။" Long Feiye မှာ ဖျော့တော့စွာ တုံ့ပြန်လိုက်သည်။

"ရှင်က အဖြေမထုတ်နိုင်သေးတာလား။" Han Yunxi မှာ မေးမြန်းလိုက်ပြန်သည်။

Long Feiye၊ ဧကရာဇ် Kang Cheng နှင့် စစ်သူကြီး Ning တို့မှာ တပ်သုံးတပ်အား ယခုလ ၁၅ ရက်နေ့တွင် ပေါင်းစည်းရန် သဘောတူခဲ့ကြသည်။ယနေ့မှာ ၁၀ရက် သာရှိသေးပြီး ချူမျိုးနွယ် တပ်များအားဝန်းရံရန် နောက်ဆုံးသတ်မှတ်ရက်ရောက်ရန် ငါးရက်သာ လိုတော့သည်။ သို့သော် စစ်သူကြီး Ning အား ကာကွယ်ရန်အတွက် Long Feiye မှာ ဧကရာဇ် Kang Cheng ၏တပ်များနှင့် တွေ့ဆုံရန် အချိန်အား သီးသန့်စီမံထားခဲ့သည်။

ချူမျိုးနွယ်မှာ မည်သို့သော ကောလာဟလများ ဖြန့်လိုက်ပါစေ ၎င်းမှာ ထိုနေ့အတွက် တိုက်ပွဲအစီအမံအား ထိခိုက်မည်မဟုတ်ပေ။ ယခုလေးတွင် ကိုယ့်ကိုကိုယ် ဖော်ထုတ်ခဲ့သော ယို့မျိုးနွယ်မှာ အချိန်တိုအတွင်း ကြေငြာချက်တစ်ခုဖြင့် ထောက်ခံသူအသစ်များအား စုဆောင်းရန် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် ထိုကိစ္စအပြင် Long Feiye ၏ စိတ်အား အနှောက်အယှက်ပေးနိုင်မည်မှာ ဘာများရှိဦးမည်လဲ။ အမှန်တွင် စစ်ရေးကိစ္စများဖြင့် ပတ်သက်နေလျှင် သူ၏ မျက်ခုံးကြားမှာ ဤမျှလောက် ခေါက်တွန့်နေခြင်း တစ်ခါပင် မရှိခဲ့ပေ။

Long Feiye မှာ စကားမဆိုသေးသည့်အတွက် Han Yunxi မှာ မေးမြန်းလိုက်ပြန်သည်။ "အနောက်ချင်ရဲ့ နန်းမွေခံကြောင့်ပဲလား။"

"အင်း။" Long Feiye မှ မငြင်းချေ။

" ယို့ နဲ့ ဒီမျိုးနွယ် တွေအပြင် အရိပ် နဲ့ လေမျိုးနွယ် တွေရှိသေးတယ်။ အရိပ်မျိုးနွယ်က ထူးထူးခြားခြား အာဏာ ဒါမဟုတ် လွှမ်းမိုးမှု မရှိတော့ဘူးဆိုပေမယ့် လေမျိုးနွယ်ရဲ့ အဆင့်အတန်းကို မသိရသေးဘူး။" Han Yunxi မှ မှတ်ချက်ပေးလိုက်သည်။ အနောက်ချင်၏ မဟာမိတ်ဟောင်းများအနေနှင့် သူတို့အားလုံးမှာ မင်းဆက်ဟောင်းအပေါ် သစ္စာစောင့်သိနေသေးသလားဆိုသည်မှာ ရှင်းလင်းပေ။ သို့သော် ယို့မျိုးနွယ် ၏ ချီတက်မှုမှာ အသေအချာပင် သူတို့၏ ထောက်ခံမှုအား ရရှိလိမ့်မည်။ အကယ်၍ သူတို့က လက်ရှိစစ်ပွဲအား အမြန်အဆုံးသတ်နိုင်ပါက သတင်းမှာ သူတို့အား များစွာ သက်ရောက်စေမည်မဟုတ်သော်လည်း ရေရှည်ကြာမြင့်လာသော တိုက်ပွဲမှာ မငြိမ်မသက်ဖြင့် ပြောင်းလဲမှုများစွာ ဖြစ်လာစေနိုင်သည်။ အမှန်တွင် နှစ်ယောက်မှာ အရိပ်သို့မဟုတ် လေမျိုးနွယ်များ၏ အစစ်အမှန် အင်အား အား မခန့်မှန်းနိုင်သကဲ့သို့ 'အနောက်ချင်အား ပြန်လည်ထူထောင်မည်' ဆိုသော အလံနောက်တွင် မြင့်မြတ်သောမိသားစုခုနစ်စုအပြင် အခြားထောက်ခံသူများလည်း ရှိနေနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now