အခန်း(၄၃၅)
ဒီလူကြီးမင်းက မင်းကိုသေစေချင်တယ်။
အခုဘာဖြစ်နေတာလဲ။ တစ်ယောက်ယောက်က Xu Donglin ရဲ့ အဒေါ်ကို မောင်းထုတ်ချင်နေတာလား။ Han Yunxi မှာ အတည်ပြုရန် မေးမြန်းရန် ပြင်လိုက်စဥ် နောက်ထပ်အစောင့်တစ်ယောက်မှာ ဝင်ရောက်လာသည်။ ထိုအမျိုးသားမှာလည်း ဝင်လာသည်နှင့် ဒူးထောက်ကာ မြေကြီးအား ဦးတိုက်လိုက်သည်။
“လေးစားရတဲ့ဝမ်ဖေး ကျေးဇူးပြုပြီး ကျွန်တော့်အဖေကို ဆက်ထားပေးပါ။ ချင်ဝမ်အိမ်တော်က စတင်ပြီး တည်ရှိလာတည်းက စားဖိုဆောင်မှာ အဖေက အဓိက စားတော်ကဲပါ။ သူနဲ့ ကျွန်တော်တို့က အရှင့်သားနဲ့ လေးစားရတဲ့ဝမ်ဖေးကို စိတ်နှလုံးအပြည့်နဲ့ ခစားတာပါ။ ကျွန်တော်တို့က သစ္စာမဲ့တဲ့ အတွေးလုံးဝ မရှိပါဘူး။ လေးစားရတဲ့ဝမ်ဖေး စိတ်ရှင်းရှင်းထားပေးပါ။"
မကြာခင် တတိယမြောက်အစောင့်မှာလည်း တခြားသူများနှင့် ပူပေါင်းကာ တစ်ချိန်တည်းမှာပင် ဒူးထောက်လိုက်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း Han Yunxi မှာ ထူးဆန်းသော ပေါက်ကွဲမှုအား အဖြေရှာရန် ကြိုးစားကာ လက်ရှိတွင် စိတ်ဓါတ်ကျနေသည်။ လူများမှ အသနားခံနေခြင်းမှာ သူမအား စိတ်မသက်မသာဖြစ်စေတော့သည်။
“တော်လောက်ပြီ.. Xu Donglin..ပြော.. ဒါဘာဖြစ်နေတာလဲ။” သူမက အော်လိုက်တော့သည်။
Xu Donglin မှာ လျင်မြန်စွာ မတ်တပ်ရပ်ကာ အိမ်တော်အတွက် Chu Xifeng ထံမှ အမိန့်အား ပြောလိုက်သည်။ Han Yunxi မှာ ထိတ်လန့်သွားတော့သည်။ “လူတိုင်းကို လဲရမယ်။ ဝမ်ရယ်ဆီက ဘယ်လောက်တောင်ကြီးတဲ့ လှုပ်ရှားမှုလဲ။”
ရှိနေသည့် လူများမှာ တိတ်ဆိတ်စွာ သဘောတူလိုက်ကြသော်လည်း တစ်ယောက်တစ်လေမှ သူတို့၏ အမြင်အား ပွင့်လင်းစွာ မဖော်ပြဝံ့ပေ။ သူတို့က လေးစားရတဲ့ဝမ်ဖေးအား သက်ညှာပေးရန် တောင်းပန်ရန်ပင် တုန်လှုပ်နေရပြီ ဖြစ်ကာ ဤအခြင်းအရာအားလုံးအား ဆုံးဖြတ်သည့် အမျိုးသားအား မည်ကဲ့သို့ ဆုံးဖြတ်ဝေဖန်ဝံ့မည်နည်း။ သူတို့က အမြဲတစေ မေးခွန်းမေးမြန်းခြင်းမရှိရန် သို့မဟုတ် မလိုသောအပ်သော စကားများ မပြောရန် လေ့ကျင့်ခံခဲ့ရသည်။ ယနေ့ အစောင့်များ၏ အပြုအမူများမှာ Long Feiye မှ သိသွားလျှင် သူက သူတို့အားလုံးအားလည်း လဲလှယ်သည်အထိ စိတ်ဆိုးသွားနိုင်မည်လား ဆိုခြင်းအား မပြောနိုင်ပေ။ ယခင်က သူ၏ လက်အောက်ငယ်သား တစ်ယောက်မှ ဤသို့ မပြုမူဝံ့ပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
