အခန်း(၅၀၉)
Han Yunxi မင်းကသာ ငါတို့ကို ပြောင်ပြောင်တင်းတင်း လုယက်နေတာပဲ။
ဒေါသမှာ တည်ငြိမ်သွားသည်နှင့် Han Yunxi မှာ အတော်လေး ဥာဏ်ကောင်းကြောင်း Mu Yingdong မှ ဝန်ခံရပေမည်။ သူက မည်သည့်အခါမှ လက်ခံနိုင်မည် မဟုတ်သော နိမ့်ပါးသော ဈေးနှုန်းအစား အနိမ့်ဆုံးဈေးနှုန်းအား သတ်မှတ်ခဲ့သည်။ အကယ်၍ သူက ဤအရောင်းအဝယ်မှ တစ်စုံတစ်ရာ ဆုံးရှုံးမှုရှိလာမည်ဆိုလျှင် မှောင်ခိုဈေးနှင့် အရှက်ရဖွယ် အရောင်းအဝယ်အားသာ ဖော်ထုတ်ခံလိုက်မည် ဖြစ်သော်လည်း မူရင်းဈေးနှုန်းမှာ ဆုံးရှုံးသွားသော အမြတ်နေရာတွင် အရင်းကျေစေနိုင်သော နှစ်သိမ့်မှု ပုံစံတစ်မျိုး ဖြစ်သည်။
သို့တိုင် သူ၏ ပါးစပ်ထဲတွင် နောင်တတရားတစ်မျိုးကျန်ခဲ့လေသည်။ Mu Yingdong မှာ Han Yunxi မှ ထိုမျှ များပြားသော ပစ္စည်းများအား အောင်မြင်စွာ သိုလှောင်နိုင်မည် မဟုတ်ဟူသော အချက်ဖြင့်သာ နှစ်သိမ့်နေရသည်။ အများဆုံးအနေဖြင့် သူမက ၎င်းတို့အား ပျက်ဆီးမသွားခင် ငွေချောင်းအချို့ လျော့ချကာ ရောင်းချရန် ဖိအားပေးခံရလိမ့်မည်။ သူက ထိုအတွေးကြောင့် အနည်းငယ် ကျေနပ်သွားတော့သည်။
သို့ဖြင့် Mu Yingdong မှာ အပေးအယူအား သက်သက်သာသာ သဘောတူလိုက်တော့သည်။ “ဟီးဟီးဟီး.. ဒါပေါ့.. ဒီအဘိုးကြီးက ချင်ဝမ်ဖေးကို မျက်နှာသာပေးရမှာပေါ့။ တကယ်လို့ ၈၀% ဆိုရင်လည်း ၈၀ % လျော့ဈေးပေါ့။ ဒါက ဆေးနတ်ဆိုးဆေးပေးခန်းကို ဂုဏ်ပြုလက်ဆောင်လို့ ယူဆလို့ရပါတယ်။"
ဂုဏ်ပြုလက်ဆောင်ဆိုပြီး ဘယ်သူက ပိုက်ဆံ လက်ခံတာ တွေ့ဖူးလို့လဲ။ Han Yunxi မှာ စိတ်ထဲတွင် Mu Yingdong အား အရှက်မရှိဖူးဟုသာ ကျိန်ဆဲလိုက်တော့သည်။ သို့ဖြင့် သူမက သူ့အား ပို၍ စိတ်ပျက်လက်ပျက် ဖြစ်သွားစေရန် ပိုမို ဆိုးရွားသော တစ်စုံတစ်ရာအား ပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူမက ပြောလိုက်သည်။ “ကျွန်မက ပစ္စည်းအမျိုးအစား ၃၀၀ ကို ၅၀ဒန်ယူမယ်။ အဲ့တာတွေကို လတိုင်း လက်ကားဝယ်ပြီး အရံထားမယ်။ ပစ္စည်းက ဒီလမှာ အရင်ဝင်လာပြီး ငွေချေမှုက နောက်လမှာ ဖြစ်လိမ့်မယ်။"
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historyczne**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
