အခန်း(၄၁၇)
အဲ့တာ မင်းနဲ့ ဘာမှ မဆိုင်ဘူး။
ရေသူများမှာ ငါးအမြီးနှင့် လူခန္ဓာကိုယ်ရှိသော ဒဏ္ဍာရီလာသတ္တဝါဖြစ်ကာ လူနှင့် ငါးတို့ ပေါင်းစပ်ထားသည့် ထူးခြားသော မျိုးစိတ်များ ဖြစ်ကြသည်။ သူတို့က Jiaoxiao သို့မဟုတ် ရေအောက်တွင် ခြောက်သွေ့နေနိုင်သော အထည်--- ငါးမန်းပိုးထည်အား မည်သို့ပြုလုပ်ရမည်အား သိကြသည့် တစ်ခုတည်းသော မျိုးစိတ်များ ဖြစ်ကြသည်။ သူတို့၏ မျက်ရည်မှာ ပုလဲအဖြစ်ပြောင်းလဲ နိုင်ပြီး အလွန်တန်ဖိုးရှိသည်ဟု ယူဆနိုင်သည်။
Han Yunxi မှာ ထိုကဲ့သို့ ဒဏ္ဍာရီများအား နတ်သမီးပုံပြင်များမှ ကြားဖူးထားခဲ့လေသည်။ ပုံမှန်အားဖြင့် ရေသူများမှာ ပင်လယ်တွင် နေထိုင်ကာ တစ်ရံတစ်ခါတွင် အလွန်ကြီးမားသော ရေကန်များ သို့မဟုတ် မြစ်များတွင် တွေ့ရနိုင်သည်။ သူတို့က ရေအရည်အသွေးတွင် အလွန်တင်းကျပ်သော လိုအပ်ချက်ရှိလေသည်။ သို့သော် သူမက သိထားရသည်မှာ ရေသူများနှင့် အမြီးများမှာ ရေထဲတွင်သာ ပိတ်မိနေကြပြီး အမြီးပျောက်ကွယ်သွားစေရန် အထူးဆေးဝါး စားသုံးရန် လိုအပ်လေသည်။ ထို့အပြင် သူတို့က ကုန်းပေါ်တွင် အချိန်ကြာမြင့်စွာ မနေနိုင်ပေ။
Han Yunxi မှာ Long Feiye ၏ အိပ်ဆောင်သို့ ရောက်သွားချိန်တွင် Long Feiye မှာ မျိုးနွယ်ခုနစ်စု၏ မှတ်တမ်းအား အဝေးသို့ ပို့လိုက်ကြောင်း တွေ့လိုက်ရသည်။ အမှန်တွင် Han Yunxi မှာ Long Feiye ၏ လက်ထဲရှိ အိုဟောင်းကာ ဝါကျင်နေသည့် စာအုပ်အား ကြာမြင့်စွာကပင် သတိပြုမိထားခဲ့သော်လည်း မည်သည့်စာအုပ်ဖြစ်ကြောင်း မသိခဲ့ပေ။ အကယ်၌ သူမက မှတ်မိနေသည်မှာ မှန်လျှင် သူတို့က တောင်ဘက်နင်စီရင်စုသို့ သွားနေစဥ် တစ်လျှောက် သူက ထိုစာအုပ်အား ဆက်တိုက်ဖတ်နေခဲ့သည်။
သူမက အကြောင်းအရာအား အလွန်အမင်း နစ်မြှုပ်နေပြီး မေးမြန်းလိုက်သည်။ “အဲ့တာ ဘာစာအုပ်လဲ။”
Chu Xifeng မှာ သူ၏ စာကြည့်စားပွဲအား ကြည့်ပြီးနောက် တုန်လှုပ်သွားသည်။ ကံမကောင်းစွာဖြင့် Han Yunxi မှာ သတိမပြုမိပေ။ မဟုတ်လျှင် သူမက နှစ်ယောက်မှာ တစ်စုံတစ်ရာ မူမမှန်ကြောင်း သတိပြုမိသွားနိုင်သည်။ Long Feiye ၏ အယုံကြည်ရဆုံးအစောင့် အနေဖြင့် သူက တည်ငြိမ်နေရမည်။ ထိုကဲ့သို့ အပြုအမူမှာ ဘောင်အပြင်သို့ ရောက်နေသည်။ သို့တိုင် ပုံမှန်အားဖြင့်လည်း သူက လေးစားရတဲ့ဝမ်ဖေး၏ ရှေ့တွင် မတည်ငြိမ်နိုင်ပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
