အခန်း(၄၉၉)

1.1K 112 18
                                        

အခန်း(၄၉၉)

ချင်ဝမ်၏ သွေးထိုး လှုံ့ဆော်မှု။







မြင်းလှည်းမှာ တဖြည်းဖြည်း ရပ်တန့်သွားသော်လည်း Long Feiye နှင့် Han Yunxi တို့ နှစ်ယောက်လုံးမှာ ထိုင်ခုံမှ မလှုပ်ကြသေးပေ။ တစ်ယောက်မှာ ခေါင်းငုံ့ကာ ထိုင်နေပြီး သူမ၏အမူအရာအား ကွယ်ဝှက်ထားသည်။ အခြားတစ်ယောက်မှာ ပြတင်းပေါက်မှ အပြင်သို့ အမူအရာကင်းမဲ့စွာ ကြည့်နေသည်။နောက်ဆုံးတွင် Han Yunxi မှာ ပထမဦးစွာထလိုက်ပြီး Baili Mingxiang မှာ သူမထံ အလျင်အမြန် ရောက်လာသည်။

“လေးစားရတဲ့ဝမ်ဖေး.. Mingxiang က အားပေးနေပါတယ်။”

Han Yunxi မှာ စကားမဆိုပဲ မြင်းလှည်းပေါ်မှ ကိုယ်တိုင် ခုန်ဆင်းလိုက်သည်။ သူမက ပျော့ညံ့၍ အလိုလိုက်ခံရသည့် ပန်းတစ်ပွင့်မဟုတ်ပေ။ မြင်းလှည်းပေါ်က ဆင်းဖို့ ငါ့ကို ဘယ်သူက ကူညီဖို့လိုရမှာလဲ။ မြင်းလှည်းမောင်းသမားပင် မြင်ကွင်းကြောင့် ကူကယ်ရာမဲ့ သွားတော့သည် ။ အတိတ်တွင် လေးစားရတဲ့ ဝမ်ဖေးမှာ မြင်းလှည်းပေါ် မှအတက်အဆင်းလုပ်တိုင်း အရှင့်သားမှ အမြဲတစေ ကူညီပေးခဲ့သည်။ဤတစ်ကြိမ်တွင် Long Feiye မှာ ငေးမောနေခြင်းမှ အကြည့်လွှဲကာ တိတ်ဆိတ်စွာဖြင့် ဆင်းလာသည်။သူက Han  Yunxi အား တစ်ချက်သာကြည့်လိုက်ပြီး သူမက နောက်မှလိုက်လာလျှင် စာကြည့်ဆောင်ဆီသို့ ဦးတည်သွားလိုက်သည်။ Baili Mingxiang မှာ သူတို့နောက်အား လိုက်မသွားပဲ မြင်းလှည်းသမားဖြင့် အပြင်၌ စောင့်နေခဲ့လေသည်။

Han Yunxi မှာ အလွန်စိတ်မငြိမ်မသက်ဖြစ်နေပြီး Baili Mingxiang မှာ သူတို့နှင့်အတူ လိုက်မလာကြောင်း သတိမပြုမိပေ။ သူမက လမ်းလျှောက်လာသောအခါတွင် Long Feiye နှင့် သူ၏ ခြေလှမ်းကျယ်များအား လိုက်လျှောက်ရန် စတင်ကာ ခက်ခဲလာသည်။ သူက အရပ်အလွန်ရှည်ကာ သူ၏ တစ်လှမ်းမှာ သူမအတွက် နှစ်လှမ်းနှင့် ညီမျှနေသည်။ ထိုအခိုက်အတန့်တွင် ယခင်က သူမအတွက်ကြောင့် သူက အမြဲတစေ နှေးပေးနေခဲ့ကြောင်း သတိပြုမိသွားသည်။ ထိုသို့တွေးလိုက်လျှင် သူ့နောက်လိုက်နေခြင်းအား လက်လျော့ကာ ပုံမှန် အရှိန်ဖြင့်သာ လျှောက်သွားလိုက်သည်။ သို့တိုင် Long Feiye မှာ အရှိန်မလျှော့ပေးခြင်း မရှိပဲ ခပ်မြန်မြန်လျှောက်ကာ နှစ်ယောက်ကြားမှ အကွာအဝေးမှာ ပိုလို့တောင် တိုးလာလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now