အခန်း(၄၃၂)

832 107 32
                                    

အခန်း(၄၃၂)

လူကြီးလူကောင်းထံမှ ခွဲဖြာသွားသော သိမ်မွေ့တဲ့ နှလုံးသား။





တစ်လအတွင်း Baili Mingxiang မှာ အလှလေးတစ်ယောက်အဖြစ် ပြန်လည် မွေးဖွားလာသည်။ Han Yunxi မှာ သူမ၏ အသွင်အပြင်ပြောင်းလဲသွားခြင်း မဟုတ်ပဲ နှလုံးသား၌ပါ ပြောင်းလဲသွားကြောင်း မှေးမိန်စွာ ခံစားလိုက်ရသည်။ Han Yunxi မှာ အိမ်ထဲမှ ထွက်လာသည်နှင့် Baili Mingxiang မှာ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ “ဒီအစေခံက လေးစားရတဲ့ဝမ်ဖေးကို နှုတ်ဆက်ပါတယ်။”

ဒါ…

သူမက Baili Mingxiang အား သက်သာလာလျှင် ဤနေရာ၌ အစေခံအဖြစ် လက်ခံမည်ဟု သဘောတူခဲ့သော်လည်း လက်တွေ့ အခြေအနေမှာ Han Yunxi အား အံ့အားသင့်စေရပြန်သည်။ ဘေးတွင် ရပ်နေသည့် Zhaoမားမားနှင့် Su Xiaoyu ပင် Baili Mingxiang ၏ ပြောင်းလဲသွားမှုအား အသားမကျနိုင်ပေ။ Han Yunxi မှာ Baili Mingxiang ထံ ချဥ်းကပ်သွားပြီး တစ်ပတ်လှည့်ကြည့်ကာ ထိုမိန်းကလေးအား စစ်ဆေးကြည့်ရင်း နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်လာသည်။ နောက်ဆုံးတွင် သူမက ထိုအမျိုးသမီးအား လက်များဆွဲကာ တိုးညင်းစွာ ပြောလိုက်သည်။ “ငါက အရင်စကားတွေကလွဲလို့ ထပ်မပြောတော့ဘူး။ တကယ်လို့ တစ်နေ့မှာ မင်းက ထွက်သွားချင်ရင် သွားလို့ရတယ်။ ငါက နေဖို့ မတားဘူး။"

“ဒီအစေခံက မှတ်သားထားပါ့မယ်။” Baili Mingxiang မှာ တိုးညင်းစွာ ပြန်ပြောလိုက်သည်။

အခြေအနေမှာ ယခုလို ဖြစ်နေပြီ ဖြစ်သဖြင့် Han Yunxi မှာ ရိုးရှင်းစွာလက်ခံလိုက်တော့သည်။ မည်သို့ပင်ဖြစ်စေ သူမကလည်း လက်ထောက်တစ်ယောက်လိုအပ်နေပြီး Baili Mingxiang အား ယခင်က ပြောထားခဲ့သည်။ အဆိပ်နှင့် နှစ်ပေါင်းများစွာ ထိတွေ့ခဲ့ရပြီးနောက် ထိုအမျိုးသမီးမှာ ၎င်းတို့၏ အရည်အသွေးအား သိလာသည်။ သူမက ငါရဲ့ တခြားအစေခံတွေထက်စာရင် သင်ပေးရတာ လွယ်လိမ့်မယ်။

“Zhaoမားမား.. Mingxiang အတွက် အောက်ထပ်က အခန်းတစ်ခန်း ရှင်းထားပေးလိုက်ပါ။ ပြီးတော့ ဒီက ပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားအောင် လိုက်ပြပေးလိုက်ပါဦး။” Han Yunxi မှာ ညွှန်ကြားလိုက်သည်။

Zhaoမားမားမှာ Baili Mingxiang အား အလွန်သဘောကျနေသဖြင့် Su Xiaoyu အား အခန်းရှင်းခိုင်းထားကာ Baili Mingxiang အား နေရာများအား လိုက်လံပြသလိုက်သည်။ ကြင်ယာတော်ကြီးYi မှ တာဝန်ယူထားစဥ် ချင်ဝမ်အိမ်တော်မှာ တင်းကျပ်မှုအပြည့်ဖြင့် ရှုပ်ထွေးသော စည်းမျဉ်းများစွာ ရှိနေသည်။ အိမ်တော်တစ်ခုလုံးတွင်သာမက သီးခြားခြံဝန်းတိုင်း၌ ကိုယ်ပိုင်စည်းမျဉ်းနှင့် ထုံးစံများ ရှိနေသည်။ အဝတ်လျှော်ဆောင်၌ပင် ကိုယ်ပိုင် စည်းမျဉ်းရှိနေသည်။ သို့သော် လေးစားရတဲ့ဝမ်ဖေးမှ လွှဲပြောင်းယူလိုက်သည်နှင့် အရာအားလုံးမှာ ရိုးရှင်းသွားသည်။ သူတို့သခင်မ၏ စကားမှာ --- မင်းတို့ရဲ့ စကားနဲ့ အပြုအမူက ချင်ဝမ်အိမ်တော်ကို မျက်နှာမပျက်စေသရွေ့ အဆင်ပြေတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now