အခန်း(၄၄၂)

1.3K 133 15
                                        

အခန်း(၄၄၂)

မတွေ့တာ ကြာပြီ။







အကယ်၍ အတိတ်တွင်ဆိုလျှင် အိမ်တော်ရှိ အစောင့်များမှာ Han Yunxi ၏ အမိန့်အား နာခံမည် မဟုတ်ပေ။ သို့သော် ယခုတွင်တော့ သူမ၏ စကားကြောင့် ရပ်တန့်လိုက်ကြသည်။ Gu Qishao မှာ လူအုပ်၏ အလယ်မှ Han  Yunxi အား လှမ်းကြည့်လိုက်သည်။ သူမ၏ မြင့်မားသွယ်လျကာ လှပသော ပုံရိပ်အား မြင်လျှင် သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ အငွေ့ပျံသွားတော့သည်။ အပြုံးဖြင့် သူက ပြောလိုက်သည်။ “အဆိပ်ကောင်မလေး.. မတွေ့တာကြာပြီ။ မင်းက ချီကိုကို ကို သတိရရဲ့လား။”

သူက ထိုမိန်းကလေးအား မတွေ့ရသည်မှာ အတိအကျ မည်မျှ ကြာပြီလဲ။ သူကသာ သေချာသိနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နိုင်သည်။

Han Yunxi မှာလည်း အတိအကျပင် ထိုမေးခွန်းအား စဥ်းစားနေသည်။ သူတို့က နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့သည်အားပင် သူမက မမှတ်မိတော့ပဲ ထိုသူမှာ သူမအား ထပ်မံ၍ ရှုပ်ထွေး မလာနိုင်လောက်တော့ဟု ယူဆခဲ့သည်။

သူမက လမ်းလျှောက်လာကာ ပြောလိုက်သည်။ “မတွေ့တာကြာပြီ။ ကျွန်မတို့က ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာ။"

“ငါသေသွားပြီလို့ မင်းက စဥ်းစားနေတာလား။” Gu Qishao ၏ အပြုံးမှာ ပို၍ တောက်ပလာကာ သူမထံ လျှောက်လာသည်။  အစောင့်များမှာ နောက်မဆုတ်ချင်သော်လည်း လေးစားရတဲ့ဝမ်ဖေးအား အပြစ်မပြုလိုပြန်ပေ။ တကယ်လို့ သူတို့က အခု အပြစ်ပြုမိရင် ရှေ့လျှောက် သူတို့အတွက် ဘယ်သူက စကားပြောပေးတော့မှာလဲ။

Han Yunxi မှာ Gu Qishao ၏ ရှေ့တွင် ရပ်ကာ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ သူမက ညင်သာစွာ သက်ပြင်းချကာ ပြောလိုက်သည်။ “အိုက်ယား.. နှမြောစရာပဲ ရှင်က အသက်ရှိနေသေးတယ်။"

Gu Qishao မှာ မိနစ်တိုင်းအား ပျော်ရွှင်နေပြီး Han Yunxi အား စကားမဆိုပဲကြည့်ကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် Han Yunxi မှာ လိုရင်းအားသာ ပြောလိုက်သည်။ “ရှင်က ဒီဝမ်ဖေးနဲ့ ဘာကိစ္စရှိလို့လဲ။”

“ဝမ်ဖေးဖြစ်ရတာ ဘာကောင်းလို့လဲ။ ငါက အဲ့တာကို မကြိုက်ပါဘူး။"  Gu Qishao မှာ လေးစားဖွယ် လူတစ်ယောက်၏ ပုံစံဖြင့် ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now