အခန်း(၄၉၇)

1.1K 117 6
                                        

အခန်း(၄၉၇)

ချိန်ခွင် အစွန်အဖျား။






ဧကရာဇ် Tianhui မှာ Chu Qingge ၏ခါးအား တင်းကြပ်စွာဆုပ်ကိုင်ထားပြီး သူမ၏ ကိုယ်သင်းရနံ့အား စွဲလန်းနေသကဲ့သို့  လည်တိုင်တစ်လျှောက် ရှူရှိုက်လိုက်သည်။ သူ၏ လက်များမှာ သူမ၏ ခန္ဓာကိုယ်အနှံ့ မငြိမ်မသက် သွားလာနေစဥ် Chu Qingge မှာ မျက်နှာကျက်အား အသက်မဲ့နေသကဲ့သို့  စိုက်ကြည့်နေသည်။ ဧကရာဇ် Tianhui မှာ တစ်လက်မရပြီးနောက် တစ်ကိုက် ရောက်ရှိလာသော်လည်း သူမက အံကြိတ်ရင်းဖြင့် သူ၏ ရှေ့တိုးလာမှုအား ရင်ဆိုင်လိုက်သည်။ သူက သူမ၏ အဝတ်အစားများအား တစ်လွှာခြင်း ဖယ်ရှားလိုက်ကာ အောက်တွင် ဖုံးကွယ်ထားသည့် တင်းရင်းသော ရင်သားများမှာ လှစ်ဟာလာစဥ်  သူမ၏ အေးစက်သော မျက်လုံးတွေမှာ မှိတ်သွားပြီးနောက် မျက်ရည်တစ်စက်မှာ ဖြည်းညင်းစွာ စီးကျလာသည်။

သူမက လက်တွေ့အား မျက်လုံးမှိတ်ထားခြင်းဖြင့် သူမ အထက်ရှိသူမှာ သူမအိပ်မက်ထဲမှ သူတစ်ယောက်ဖြစ်ကြောင်း ဟန်ဆောင်နိုင်လောက်မလား။

တကယ်လို့ သူဖြစ်ခဲ့ရင် ဘယ်လို နေမလဲ။  ငါ့ကို သူက ထိတွေ့နေတယ်လို့ စိတ်ကူးထားရင် ငါက နာကျင်မှု လျော့သွားမလား။

Long Feiye… Chu Qingge မှာ သူ၏ အမည်အား ခေါ်လုနီးပါးဖြစ်သွားသော်လည်း နောက်ဆုံးစက္ကန့်တွင် ကျိုးကြောင်းဆီလျော်မှုအား  ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ အခြားမည်သည့်အရာမဆို ပြုလုပ်မိပါက သူမ၏ ကစားပွဲတစ်ခုလုံးအား ရှုံးနိမ့်ရမည့်အပြင် သူ့အား ဒုက္ခဖြစ်စေမည်ကို သူမက သိနေသောကြောင့် သူ၏နာမည်အား နှလုံးသားထဲတွင်သာ ခေါ်ဆိုဝံ့သည်။
ရုတ်တရက် သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ စူးရှသော နာကျင်ကိုက်ခဲမှုတစ်ခုမှာ Chu Qingge ၏ မျက်လုံးများကို ပွင့်လာစေသည်။ ဝေဒနာမှာ သူမ၏ နှလုံးသားအား ကြေကွဲသွားစေကာ သူမ၏ လှပသော စိတ်ကူးအား ဖျက်ဆီးပစ်လိုက် လေသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော လက်တွေ့ပင်။

ဧကရာဇ် Tianhui မှာ သူမအား ကြာမြင့်စွာကပင် အလိုရှိနေခဲ့ကာ ယခုတွင် ဆေးခတ်ခံ ထားရသည်။ သူက အထိန်းအကွပ်မဲ့နေသော မြင်းတစ်ကောင်ကဲ့သို့ Chu Qingge အား ရယူတော့သည်။ အထူးသဖြင့် သူ့ကဲ့သို့ အာဏာအဆင့်အတန်းမှ အမျိုးသားများမှာ အမျိုးသမီးများအား သူတို့၏ ကစားစရာအဖြစ် သဘောထားကြသည်။ သူက သူတို့အား မည်မျှပင် နှစ်သက်ပါစေ ၎င်းမှာ ကြုံကြိုက်သော စိတ်ကစားမှုသာ ဖြစ်သည်။ တပ်မက်မှု အထိန်းအကွပ်မဲ့သွားသည်နှင့် တစ်ပြိုင်နက် သူတို့၏ အလိုဆန္ဒများမှာ ထိန်းမနိုင် သိမ်းမရဖြစ်ကာ အပြည့်အ၀ ရယူကြလိမ့်မည်။သူမ ခံစားရတာ ကို ဘယ်သူက ဂရုစိုက် မှာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now