အခန်း(၅၇၈)

642 65 14
                                    

အခန်း(၅၇၈)

ချူမျိုးနွယ်က အကြံအစည်ရှိရမယ်။






ချူမျိုးနွယ် က ဘာလုပ်တာခဲ့လဲ။

ဧကရာဇ် Kang Cheng မှာ ချူမျိုးနွယ်အား ဖြည်းညင်းစွာ ကိုင်တွယ်နေစဉ် စစ်သူကြီးချူအား စွဲချက်တင်ရန် တစ်နှစ်ခန့် အချိန်ယူရမည်ဟု လူတိုင်းမှ ယူဆခဲ့ကြသည်။ သို့တိုင် ချူမျိုးနွယ်မှာ အိမ်ရှေ့စံ Ye အား အမှန်တကယ် ဆွဲထည့်လာကာ သူက ချူမျိုးနွယ်၏ နာမည်ဖြင့် ရံပုံငွေများ အလွဲသုံးစားလုပ်သူဟု ပြောလာလေသည်။ ထိုမျှသာမက ထို့နောက်တွင် သူတို့က သူ၏ အလွဲသုံးစာမှုအား ငြင်းဆို၍မနိုင်ရသော အထောက်အထားများပင် ပေးလာခဲ့သည်။

ထိုသို့ ဖော်ထုတ်လာမှုတွင်တော့ ရုံးတော်နှင့် လူများမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြတော့သည်။ ဧကရီ Xue မှာ ဧကရာဇ် Kang Cheng ၏ စာကြည့်ခန်းတံခါးဝတွင် နေ့စဥ် ငိုကြွေးနေတော့သည်။ သူက အိမ်ရှေ့စံအား ရာထူးမှ ဖယ်ရှားလိုခြင်း မရှိသော်လည်း ယခုတွင် လူထုအား မဆိုထားနှင့် စစ်တပ်အား ကျေနပ်စေလိုလျှင် ရွေးချယ်စရာ မရှိတော့ပေ။

"ချူမျိုးနွယ် ရဲ့ လှုပ်ရှားမှုက တကယ်ကို အံ့မခန်းပဲ။" Han Yunxi မှာ အမှန်တကယ် သဘောကျနေသည်။

“အမှန်ကို အံ့သြစရာပဲ။" Long Feiye မှလည်း ရက်ရောစွာ ချီးကျူးလိုက်သည်။

ဧကရာဇ် Kang Cheng မှာ ချူမျိုးနွယ်အား သက်ညှာရန် စိတ်ကူးမရှိသဖြင့် ထိုစွပ်စွဲချက်အား ပထမဦးစွာ လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ ထိုသူများမှာ အိမ်ရှေ့စံYe ထံ ကိုယ်စား အသနားခံပေးရန် တောင်းဆိုမည့်အစား ချူမျိုးနွယ်မှာ သူ့အား ခုတုံးအဖြစ် အသုံးချကာ ဧကရာဇ် Kang Cheng မှ အမှုအား သမာသမတ်ကျစွာ ကိုင်တွယ်ရန် ဖိအားပေးခံလိုက်ရသည်။ သို့ဖြင့် ချူမျိုးနွယ်မှာ အများဆုံးအနေဖြင့် ပြစ်မှုတွင် ကြံရာပါများအဖြစ်သာ စွဲချက်တင်ခံရတော့မည်ဖြစ်သော်လည်း အိမ်ရှေ့စံမှာ ထီးနန်းအတွက် ရပိုင်ခွင့်အား ဆုံးရှုံးရမည့် အခြေအနေသို့ ရောက်သွားတော့သည်။  စစ်တပ်၏ ဘဏ္ဍာငွေများ အလွဲသုံးစားလုပ်ခြင်းမှာ သာမန်ရာဇ၀တ်မှု မဟုတ်ပဲ စစ်တပ်တစ်ခုလုံး၏ ယုံကြည်မှုအား ထိခိုက်စေနိုင်သည့် ကြီးလေးသော ပြစ်မှုတစ်ခုဖြစ်သည်။သမိုင်းကြောင်းအရပြောရလျှင် ပြည်သူတို့၏စိတ်နှလုံးအား ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း မရှိသည့် အုပ်စိုးရှင်များ ရှိနေခဲ့သော်လည်း သူတို့အားလုံးမှာ စစ်တပ်၏ ယုံကြည်မှု ဆုံးရှုံးရမည်ကို စိုးရိမ်ကြလေသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now