အခန်း(၄၇၇)

1.1K 108 20
                                        

အခန်း(၄၇၇)

အသေးလေး၏ အံ့ဖွယ်အကူအညီ။





နေ့တစ်ဝက်ပင် မကြာပဲ Long Feiye နှင့် Gu Qi Sha တို့မှာ မှောင်ခိုဈေးရှိ သိုလှောင်ရုံများ အားလုံးအား နှံ့စပ်စွာ ရှာဖွေခဲ့သော်လည်း တစ်ယောက်မှ ယမ်းမှုန့်တစ်မှုန်ပင် မတွေ့ခဲ့ရချေ။ သိုလှောင်မှုတစ်ခုလုံးဆိုလျှင် ပြောဖွယ်ရာ မရှိတော့ပေ။ နှစ်ယောက်မှာ Wu Shu ၏ ဆိုင်မှ ထွက်လာစဥ်တည်းက စကားတစ်ခွန်း မဆိုချေ။ သူတို့က အတူတကွ သွားရောက်ကာ ရှာဖွေရမည့် နေရာရောက်မှ လူခွဲကာ ရှာကြသည်။ ယေဘူယျအားဖြင့် ဆိုရလျှင် အမျိုးသားနှစ်ယောက်မှာ တစ်ချိန်တည်း ပြီးဆုံးလာပြီး သူတို့၏ တိတ်ဆိတ်နေမှုမှာ မည်သည့်အရာမှ ရှာမတွေ့ကြောင်း လုံလောက် သက်သေပင်။

လက်ရှိတွင် သူတို့က နောက်ထပ် သိုလှောင်ကြီးတစ်ခုအား ရှာဖွေနေကြသည်။ နှစ်ယောက်မှာ အခန်းတစ်ခန်းထဲတွင်ပင် လူခွဲကာ လျှို့ဝှက်တံခါး၏ အရိပ်အယောင်အား ရှာဖွေနေကြသော်လည်း စေ့စေ့စပ်စပ် ရှာပြီးသည့်တိုင်အောင် လက်ဗလာ ဖြစ်နေရဆဲပင်။ နှစ်ယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး တိတ်ဆိတ်စွာဖြင့် သိုလှောင်ရုံအား နောက်တွင် ထားကာ ထွက်လာကြသည်။ အပြင်ထွက်လာပြီးနောက် Gu Qi Sha မှ ပထမဆုံး ပြုလုပ်သည်မှာ ခေါင်မိုးပေါ်သို့ တက်သွားလိုက်သည်။ Long Feiye ၏ ကိုယ်ခံပညာမှာ သူ့ထက် ကောင်းမွန်သော်လည်း တမင်ပင် ခြေတစ်လှမ်း နောက်ချန်နေခဲ့သည်။ ဤနည်းဖြင့် သူက Gu Qi Sha  ၏ ကိုယ်နေဟန်ထား၊ ကိုယ်ဖော့ပညာ၊ ခြေထောက်အားနှင့် ပျံသန်းခြင်း၊ ကောင်းကင်လမ်းလျှောက်ခြင်း အနေအထားတို့အား လေ့လာနိုင်သည်။ သူတို့က အတိတ်တွင် တိုက်ခိုက်ခဲ့ချိန်တွင် ထိုအမျိုးသား၏ လှုပ်ရှားမှုအား သူက နီးကပ်စွာ စမ်းစစ်ခဲ့ခြင်း မရှိသော်လည်း ယခုအချိန်တွင် အစွမ်းကုန် အာရုံစိုက်ထားလေသည်။

ဂရုတစိုက် လေ့လာပြီးနောက် Long Feiye  မှာ ကောင်းကင်မှ ပျံသန်းလာကာ ခေါင်မိုးပေါ်တွင် သူ၏ ဘေး၌ ဆင်းသက်လိုက်သည်။ “ငါတို့က နောက်တစ်နေရာအတွက် အဲ့ဒီလမ်းက သွားမယ်။"

“ငါတို့က လူခွဲရှာမယ်။ မဟုတ်ရင် ရက်တွေ ကြာတာတောင် ပြီးမှာ မဟုတ်ဘူး။" Gu Qi Sha  မှာ မပျော်မရွှင်ဖြင့် ပြောလိုက်သည်။ Long Feiye နှင့် ထွက်လာတည်းက သူက အနည်းငယ်ပင် အလေးအနက် ရှာဖွေခြင်း မရှိသေးပေ။ အစတွင် သူက ထိုအမျိုးသားနှင့် လိုက်လာခြင်းမှာ အတူတကွ လုပ်ကိုင်နေစဥ် သက်သာနိုင်အတွက် ဖြစ်သည်။ သူက အခြားသူတစ်ယောက်၏ ဦးဆောင်မှုနောက် လိုက်သွားလိုက်လျှင် စဥ်းစားစရာမလိုတော့ပေ။ သို့တိုင် ယခုတွင်တော့ စိတ်မပါပဲ အတုယူနေရခြင်းမှာ ပင်ပန်းကြောင်း သူက သတိပြုမိလာသည်။ သူက ပြန်သွားကာ မျက်လုံးမှိတ်ထားရန်…. သို့မဟုတ် သူက အိပ်မပျော်လျှင် လက်ဖက်ရည်သောက်ကာ Han Yunxi  နှင့် စကားပြောရန် စိတ်ကူးနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now